အမြို့မြို့အနယ်နယ်သတင်းများ

Sep 29,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ကသာခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှကသာခရိုင်အနေဖြင့်၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်အတွင်းဧရာဝတီမြစ်အတွင်းသို့ငါးသားပေါက်ကောင်ရေ ပေါင်း(၃၅၀၀၀၀) ကောင်အထိ စိုက်ထည့်ပြီးဖြစ်ကြောင်း ကသာခရိုင် ငါးလုပ်ငန်းဦးစီးဌာန တာဝန်ရှိသူထံမှ သိရသည်။
Sep 29,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊  တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးဌာန အနေဖြင့် တောင်သူများ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာကောင်းများကို လက်တွေ့ကျကျ လိုက်နာကျင်းသုံးပြီး စိုက်ပျိုးသီးနှံများ အောင်မြင်ထွန်းနိုင်ရေးအတွက် ရည်ရွယ်ကာ ယမန်နေ့ နံနက်၁၀နာရီ အချိန်က တောင်သူများသို့ EM-ဘိုကာရှီ သဘာဝမြေဆွေးပြုလုပ်သုံးစွဲနည်း လက်တွေ့သရုပ်ပြသခြင်းကို အသိပညာပေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 29,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေးအတွက်  ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်မှုများအား အရှိန်အဟုန်မြှင့်ဆောင်ရွက် လျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီက မြို့အတွင်းရှိ ရပ်ကွက်များနှင့် လူစည်ကားရာနေရာများတွင် (Hand Speaker) ဖြင့် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
Sep 29,2021
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ပြည်သူ များ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလျော့နည်း၊ ကျဆင်း၊ ပပျောက်စေရေး အတွက် ယနေ့ နံနက် ၈ နာရီအချိန်က အောင်ဘုံသာ ကျေးရွာအတွင်းရှိ ပြည်သူများအား ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်း များအား သိရှိလိုက်နာ ဆောင်ရွက်စေရန် အသံချဲ့စက်ဖြင့် အသိပညာပေး လိုက်လံ နှိုးဆော်ခဲ့ကြောင်း သိရသည်။
Sep 29,2021
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ ဟင်္သာတမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ(၁၅ )ကြိမ်မြောက် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ယမန် နေ့ နံနက် ၁၀ နာရီအချိန်က အသိပညာပေးဟောပြောပွဲနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်း ၊ မွန်းလွဲပိုင်းတွင် ခွေးရူးရောဂါ ကာကွယ်ဆေး (အခမဲ့) ထိုးနှံပေးခြင်းကို ခရိုင်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။
Sep 29,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် မြို့နယ်နေပြည်သူ များအတွက် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင်လည်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွား မှုဘေးမှ ပြည်သူများ ကြိုတင်ကာကွယ် နိုင်ရေးအတွက် “ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး” နံရံကပ် စာစောင်နှင့် မှတ်တမ်းဓာတ်ပုံများကို ဆိပ်ကြီးအရှေ့ရပ်ကွက်ရှိ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှေ့တွင် ပြဘုတ်ဖြင့် ပြသလျက်ရှိသည်။