အိမ်မဲ စက်တင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့ နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှယမန်နေ့ ကျရောက်သော ကမ္ဘာ့ခွေးရူးရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြင့် မြို့နယ်အတွင်းရှိ အိမ်မွေး တိရစ္ဆာန်များအား ခွေးရူးရောဂါကာကွယ်ဆေးများကို ယနေ့နံနက် ၁၀ နာရီအချိန်က ထိုးနှံပေးခဲ့ ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများကို အိမ်မဲမြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါက်တာ ခွန်မင်းမောင်နှင့်ဝန်ထမ်းများက မြို့နယ်အတွင်းမွေးမြူထားသော အိမ်မွေးတိရစ္ဆာန်များဖြစ်သည့် (အသက် ၃ လ အထက်) ခွေးနှင့်ကြောင် (၅၀)ကောင်အား ခွေးရူးရောဂါကာကွယ်ဆေးများကိုအခမဲ့ ထိုးနှံပေးခဲ့ကြောင်းသိရသည်။ခွေးရူးရောဂါကာကွယ်ဆေးများလာရောက်ထိုးနှံကြသည့်( ခွေးပိုင်ရှင်နှင့် ကြောင်ပိုင်ရှင်များအား) မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခွေးရူးရောဂါနှင့် ပတ်သက်၍ အသိပညာပေးဟောပြောခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ချစ်သက်လယ်