သာစည်မြို့နယ်ဦးစီးမှူးရုံးတွင် ပန်းခင်းစီမံချက်ဖြင့်အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်များဆောင်ရွက်ပေးလျက်ရှိ

သာစည် စက်တင်ဘာ ၂၉

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်သည် Stay at home မြို့နယ်တွင်ပါဝင်သည့်အတွက် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်း ဆောင်ရွက်ရန်အခက်အခဲရှိသောကြောင့် မြို့နယ်ဦးစီးမှူးရုံးတွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း  လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန သာစည်မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ် ဦးစီးမှူး ဦးစီးအရာရှိဦးအောင်မွန်ထံက သိရသည်။

 ပန်းခင်းစီမံချက်၏ ရည်မှန်းချက်ဖြစ်သော နိုင်ငံသား၊တိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသား များအားဥပဒေနှင့်အညီ ကတ်တစ်မျိုးမျိုးထုတ်ပေးရေး၊ စိစစ်ဆောင်ရွက်ပေးလျက်ရှိသည့် လုပ်ငန်းစဉ် ၄ ရပ်ဖြစ်သော  လက်ရှိဇာတိဒေသတွင် အမြဲနေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်း ရှိပြီး  ကိုင်ဆောင်လက်မှတ်မရှိသူများအား  ဆောင်ရွက်ပေးခြင်း၊  လက်ရှိဇာတိဒေသတွင် အမြဲ နေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်းမရှိ၊ ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက် ပေးခြင်း၊ ရွှေ့ပြောင်းနေထိုင်သူများအတွက် မူလဒေသတွင်   အိမ်ထောင်စုလူဦးရေစာရင်းရှိသော် လည်းလက်ရှိဒေသတွင် ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်းနှင့် ရွှေ့ပြောင်း နေထိုင်သူများအတွက် မူလဒေသနှင့်လက်ရှိဒေသတို့တွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ကိုင်ဆောင်လက်မှတ်မရှိသူများအား ဆောင်ရွက်ပေးခြင်းများ၊ မြို့နယ်အတွင်းဆောင်ရွက်ရမည့် ပမာဏ ၁၇၁၃၅ ဦးရှိကာ Stay at home မြို့နယ်ဖြစ်သည့်အတွက် ကွင်းဆင်းဆောင်ရွက်ရန် အခက်အခဲရှိသောကြောင့် ယနေ့အထိ ၂၂၉၇ ဦးဆောင်ရွက်နိုင်ခဲ့ပြီး  အခြေအနေများပြန်လည် ကောင်းမွန်လာပါက သတ်မှတ်ပမာဏကို  သတ်မှတ်ကာလအတွင်း  ပြီးစီးအောင်   ဆောင်ရွက် သွားမည်ဖြစ်ကြောင်းကိုလည်း၎င်းထံကဆက်လက်သိရသည်။                          

မြို့နယ်(ပြန်/ဆက်)