ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိူးရေးဦးစီးဌာန ၂၀၂၁ခုနှစ်မိုးစပါးမျိူးစေ့ထုတ်တောင်သူများ အားဓာတ်မြေသြဇာပေးအပ် ပွဲအခမ်းအနားကျင်းပ

လေးမျက်နှာ စက်တင်ဘာ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊  ဟင်္သာတခရိုင်၊  လေးမျက်နှာမြို့နယ်အတွင်းရှိ  မျိူးသန့်မျိူးစေ့ထုတ် တောင်သူများအနေဖြင့်  အရည်အသွေးပြည့်ဝပြီး  အထွက်နှုန်းတိုးတက်မြင့်မားစေရန်  ရည်ရွယ်၍  တိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့်  ၂၀၂၁ ခုနှစ်  မိုးစပါးမျိူးစေ့ထုတ် တောင်သူများအား  ဓာတ်မြေသြဇာထောက်ပံ့ပေးအပ်ပွဲကို  ယနေ့နံနက်(၁၀:၀၀) နာရီအချိန် တွင်  =လေးမျက်နှာမြို့နယ်စိုက်ပျိူးရေးဦးစီးဌာနရုံးတွင်  ကျင်းပခဲ့သည်။

ရှေးဦးစွာ လေးမျက်နှာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးသိန်းဆိုင်မှ  လေးမျက်နှာမြို့နယ် အတွင်း ဆန်စပါးအထွက် နှုန်းတိုးတက်မြင့်မားစေရန်  လိုအပ်သည်များကို  စိုက်ပျိူးရေးဦးစီး ဌာနမှ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း  အဖွင့်အမှာစကားပြောကြားပြီး၊  မြို့နယ်စိုက် ပျိူးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဦးစောဝင်းရွှေမှ  လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးနှင့် တောင်သူလယ်သမားများ၏  ဘဝမြင့်တင်ရေးကိုရည်ရွယ်ပြီး  မျိူးသန့်မျိူးစေ့များထုတ်လုပ်ရာတွင်  အရည်အသွေးပြည့်ဝကာ  အထွက်နှုန်းတိုးတက်ရရှိစေရန်အတွက်  ဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း၊  ဓာတ်မြေသြဇာသုံး စွဲမှုကြောင့်  ရရှိမည့်အကျိူးကျေးဇူးများကို  ရှင်းလင်းပြော ကြားခဲ့သည်။  ထို့နောက်  လေးမျက်နှာမြို့နယ်အတွင်းရှိ  ကျေးရွာအုပ်စု(၁၆)စုမှ  မျိူးစေ့ထုတ် တောင်သူ(၆၄)ဦး၏  စိုက်ပျိူးဧက(၁၈၀)ဧကအတွက်  တာဝန်ရှိသူဌာနဆိုင်ရာ အကြီးအကဲများမှ  ဓာတ်မြေသြဇာများအား  လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့သည်။  ထို့သို့ဓာတ်မြေသြဇာ များထောက်ပံ့ပေးမှုကြောင့်  ကျေးဇူးတင်ရှိပါကြောင်း၊  ဆန်စပါးအထွက်နှုန်းတိုးတက်မြင့်မား လာစေရန်လည်း  ကြိုးစား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  စာရေးကွင်းကျေးရွာနေတောင်သူ ဦးသိန်းထွန်းမှ  ကျေးဇူးတင်စကားပြောကြားခဲ့သည်။

အဆိုပါ အခမ်းအနားသို့ လေးမျက်နှာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်နှင့်အဖွဲ့ဝင်များ၊  လေးမျက်နှာမြို့နယ် စိုက်ပျိူးရေးဦးစီးဌာနမြို့နယ်ဦးစီးမှူးဦးစောဝင်းရွှေနှင့်  ဌာနဆိုင်ရာတာဝန်ရှိသူများတက်ရောက် ခဲ့သည်။  လေးမျက်နှာမြို့နယ်အတွင်းရှိ  တောင်သူများအနေဖြင့်  မျိူးသန့်မျိူးစေ့ထုတ်လုပ်မှုအား  မြို့နယ်စိုက်ပျိူး ရေးဦးစီးဌာနမှ လိုအပ်သောနည်းပညာနှင့်  ကူညီဆောင်ရွက်မှုများအား  ဆောင်ရွက်ပေးသွား မည်ဖြစ် ကြောင်းသိရသည်။

ကျော်ဟိန်း(လေးမျက်နှာ)