အမြို့မြို့အနယ်နယ်သတင်းများ

Aug 10,2020
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် မင်းနေကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)ဝင်းအတွင်း စာသင်ဆောင်နှင့် အိပ်ဆောင်တည်ဆောက်ခြင်းလုပ်ငန်းများအား လွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ တာဝန်ရှိသူများက ယမန်နေ့ နေ့လယ် ၂နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Aug 10,2020
၂၀၂၀ ပြည့်နှစ် ၊တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ဩဂုတ် ၉ ရက် ၊ နံနက် ၁၂ နာရီ ၃၀ မိနစ်မှစ၍ အွန်လိုင်းမှတစ်ဆင့် ထုတ်ပြန်‌ခဲ့ပြီးနောက် ဩဂုတ် ၁၀ ရက်၊ နံနက် ၉ နာရီမှစတင်ကာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ စာစစ်ဌာန ၉ ခုတွင် အောင်စာရင်းများကို ကပ်ထား‌ကြေညာပေးထားခဲ့ပါသည်။
Aug 10,2020
ပြင်ဦးလွင်ခရိုင်၊ လူငယ်ရေးရာကော်မတီ၏ စတုတ္ထအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Aug 10,2020
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ " Reorientation Training For PHS2 Through Mobile Tablets " မြို့နယ်အဆင့် မွမ်းမံသင်တန်းကို ယနေ့နံနက် (၉) နာရီက မြို့နယ်ပြည်သူ့ဆေးရုံသင်တန်းခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
Aug 10,2020
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၌ ကိုဗစ်−၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကာလအတွင်း ၂၀၁၉-၂၀၂၀ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းများကို ယမန်နေ့ နံနက်ပိုင်းကစ၍ ပညာရေးဝန်ကြီးဌာန online website များတွင် ထုတ်ပြန်ကြေညာ‌ခဲ့သည်။
Aug 10,2020
၂၀၂၀ ပြည့်နှစ်၊ မတ်လတွင် ကျင်းပခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ပညာရေး ဝန်ကြီးဌာန Website များမှ တစ်ဆင့် ယမန်နေ့ နံနက် ၁၂ ခွဲအချိန်တွင် ထုတ်ပြန်ကြေ ညာခဲ့ပြီး ယနေ့ နံနက်ပိုင်းမှစ၍ လက်ပံတန်းမြို့နယ်ရှိ စာစစ်ဌာနကျောင်းများတွင် ကိုဗစ်-၁၉ ကာကွယ်ထိန်ချုပ်ရေး စည်းကမ်းများနှင့်အညီ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းကို ဘုတ်ကပ်၍ ကြေငြာထားရှိခဲ့ ကြောင်း သိရသည်။
Aug 10,2020
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် ကော့သောင်းမြို့မှ လွှဲပြောင်းပေးအပ်သည့် ပြည်ပမှ ပြန်လာသူ (၂၈) ဦးကို ကရသူရိမြို့ အမှတ် (၁) ရပ်ကွက်၊ ဓမ္မာရုံ Community Based Facility Quarantine တွင် (၂၁) ရက် စောင့်ကြည့်ထားလျက်ရှိကြောင်း သိရသည်။