Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကော့ကရိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး မြန်မာနှင့် တိုင်းရင်းဘာသာတို့ဖြင့် အသိပညာပေးနှိုးဆော်
Sep 30,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရန်အတွက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျန်းမာရေးဆိုင်ရာ အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့ ညနေ ၃နာရီအချိန်က မြို့ပေါ်ရပ်ကွက် များနှင့် ကျေးရွာအုပ်စုများသို့ ဗမာနှင့် ပိုးကရင်စသည့် တိုင်းရင်းသာဘာသာစကားတို့ဖြင့် လှည့် လည်အသိပညာပေးနှိုးဆော်ခဲ့ ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းတုံမြို့၌ ၂၀၂၀-၂၀၂၂ ဘဏ္ဍာနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP) နှင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းလုပ်ငန်း ညှိနှိုင်းဆွေးနွေး
Sep 30,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်ရှိ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၂ ဘဏ္ဍာနှစ်အတွင်းဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)နှင့် မြစိမ်းရောင်စီမံကိန်း ကျေးရွာများ လျာထားနိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယမန်နေ့ ညနေပိုင်း အချိန်ခန့်က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နိုင်ငံသားတိုင်း နိုင်ငံသားစိစစ်ရေးကဒ်ပြား လျှောက်ထားပြုလုပ်နိုင်ရန် ပန်းခင်းစီမံချက် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ
Sep 30,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာနက နိုင်ငံသားတိုင်း နိုင်ငံသားစိစ်ရေးကဒ်ပြားနှင့် အိမ်ထောင်စုစာရင်းမရှိသေးသူများအား ပြုလုပ်နိုင်ရန်အတွက် (ပန်းခင်း)စီမံချက်ဖြင့် ဆောင်ရွက်ပေးလျက်ရှိရာ ပြည်သူများ သတ်မှတ်စည်းကမ်းများ သိရှိလိုက်နာနိုင်ရန် အသိပေးလက်ကမ်းစာစောင်များကို လူစည်ကားရာ နေရာများတွင် မြို့နယ်လဝက ဦးစီးမှူးဦးခင်မောင်အေး ဦးဆောင်သည့်ဝန်ထမ်းများက ကွင်းဆင်း ဖြန့်ဝေပေးကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဝိုင်းမော်မြို့နယ်အတွင်းရှိ ဟင်းသီးဟင်းရွက်စိုက်ပျိုးသူတောင်သူများ ဘဝအဆင်ပြေစေရေး၊ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မား လာစေရေးနှင့် အသင်းအဖွဲ့တည်ထောင်ဖွဲ့စည်…
Sep 30,2021
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်မှုတိုးတက်မြင့်မားလာစေ ရေးနှင့် တောင်သူများဘဝ အဆင်ပြေစေရေး လိုအပ်သည့်ပေါင်းစပ်ညှိနှိုင်းပေးမှုများဆောင်ရွက်နိုင်ရေးအတွက်ယနေ့နံနက်၁၀နာရီတွင်ပြည်နယ်အစိုးရအဖွဲ့ရုံး၊မလိခခန်းမ၌ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်သူများအသင်းကိုတည်ထောင်ဖွဲ့စည်း ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဇလွန်မြို့နယ်၌ ပန်းခင်းစီမံချက် အသိပညာပေး ဆိုင်းဘုတ်စိုက်ထူခြင်းနှင့် လက်ကမ်း စာစောင်များ ဖြန့်ဝေ
Sep 30,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ `` လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ” ဆောင်ပုဒ်အတိုင်း ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးနေမှုကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်နှင့် ပန်းခင်းစီမံချက် ဆိုင်းဘုတ်စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းကို ယနေ့ မွန်းလွဲ ၃ နာရီ အချိန်ခန့်က ဗိုလ်ချုပ်လမ်းနှင့် အံတော်လမ်းဆုံ၌ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ဇမ္ဗူသီရိမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသံချဲ့စက်များဖြင့် အသိပေးနှိုးဆော်ခြင်းများ ဆ က်လက်ဆောင်ရွက်
Sep 30,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ဇမ္ဗူသီရိမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကို စနစ်တကျ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အများပြည်သူများ လိုက်နာသင့်သည့် အချက် များကို သိရှိနိုင်စေရန် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက အသံချဲ့စက်များဖြင့် လှည့်လည် အသိပေးနှိုးဆော်ခြင်းများကို ဆက်လက်ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မဘိမ်းမြို့၌ MCCT အစီအစဉ်တွင်အကျုံးဝင်သည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက် ကလေးများအား ထောက်ပံ့ငွေများပေးအပ်
Sep 30,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့၌ MCCT အစီအစဉ်တွင်အကျုံးဝင်သည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက်ကလေးများအား ထောက်ပံ့ငွေများပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်မဲမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေးခြင်းနှင့် ကာကွယ်ဆေးထိုးနှံပေးမည့်အစီအစဉ်များကို အသံချဲ့စက်ဖြင့် လှည့်လည်ဆော်ဩဆောင်ရွက်
Sep 30,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်တွင်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်း များ အသိပညာပေးဆော်ဩခြင်းမျာကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည့်သူဆက်ဆံရေးဌာနနှင့် အဖွဲ့တို့သည် မြို့ပေါ်ရပ်ကွက်များသို့ အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာပေးဆော်ဩခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25358
Page
25359
Page
25360
Page
25361
Current page
25362
Page
25363
Page
25364
Page
25365
Page
25366
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department