လေးမျက်နှာ စက်တင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ လေးမျက်နှာမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာ နမှ ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် လေးမျက်နှာ မြို့နယ်အတွင်း ခွေးရူးရောဂါကာကွယ်ဆေးအခမဲ့ ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၁၁နာရီ မိနစ်၃၀ အချိန်ခန့်တွင် မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံးတွင် ထိုးနှံပေးခဲ့ကြသည်။
ခွေးရူးရောဂါကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာနွယ်နွယ်အောင် ဦးဆောင်၍ ခွေးရူးရောဂါသည် ဗိုင်းရပ်ပိုးကြောင့်ဖြစ်ပြီး လူနှင့်တိရစ္ဆာန်များ အသက်ဆုံးရှုံး စေသည့် ရောဂါဖြစ်သောကြောင့် ခွေးရူးရောဂါ ကာကွယ်ဆေး ကြိုတင်ထိုးနှံခြင်းဖြင့် ကြိုတင်ကာကွယ်နိုင်ခြင်း ၊ ခွေးနှင့်ကြောင်များကို ကြိုတင်ကာကွယ်ဆေးထိုးခြင်း သို့မဟုတ် ခွေးချစ်သူများ၊ တိရစ္ဆာန်ဆရာဝန်များ တို့သည်လည်း ကြိုတင်ကာကွယ်ဆေးများ ထိုးသင့်ကြောင်း၊ ခွေးရူးရောဂါကြောင့် အသက်ဆုံးရူံးမှုမဖြစ်စေရန် ခွေးရူးရောဂါကာကွယ် ဆေးများကို လေးမျက်နှာမြို့ပေါ်အတွင်းရှိ ခွေးများနှင့်ကြောင်များကို အခမဲ့ထိုးနှံပေးလျက်ရှိပြီး ခွေးရူးရောဂါ ကာကွယ်တားဆီးရေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြသည်။ ခွေး ၊ ကြောင်များအသိရှိရှိဖြင့် ခွေးရူးရောဂါ ကာကွယ်ဆေးထိုးနှံခြင်းသည် မိမိနှင့်မိမိမိသားစုကိုသာမကဘဲ လူ့အဖွဲ့စည်းတစ်ခုလုံးကို ခွေးရူးရောဂါ၏ အန္တရာယ်မှ ကာကွယ်နေခြင်းဖြစ်ကြောင်း မြို့နယ်မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနလက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ နွယ်နွယ်အောင်၏ ပြောကြားချက်အရ သိရသည်။
ဝေဝေ(လေးမျက်နှာ)