အမြို့မြို့အနယ်နယ်သတင်းများ

Sep 29,2021
မကွေးတိုင်ဒေသကြီး နတ်မောက်မြို့နယ်တွင် စက်တင်ဘာလအတွင်း မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နတ်မောက်ဆည် ရေလှောင်တမံတွင် မိုးရေဝင်ရောက်မှု တိုးလာသဖြင့် ယနေ့နံနက် ၆ နာရီတိုင်းထွာချက်အရ ရေပိုလွဲမှ(၁.၃)ပေ ရေကျော်လျက်ရှိကြောင်း အဆိုပါ နတ်မောက်ဆည် ရေလှောင်တမံမှ တာဝန်ခံ (AE) ထံမှ သိရသည်။
Sep 29,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ ပင်လောင်းမြို့နယ်တွင် ရှမ်းပြည်နယ်အစိုးရ အဖွဲ့မှ ထောက်ပံ့သည့် Oxygen Plant ရောက်ရှိလာပါက ထားရှိရန် အဆောက်အဦကို မြို့နယ် ပြည်သူ့ဆေးရုံ၀င်းမြေကွက်လပ်တွင် ဆောက်လုပ်လျက်ရှိရာ လိုအပ်သည့်ပစ္စည်းများ၀ယ်ယူရန် အလှူငွေများကို ယနေ့မွန်းလွဲပိုင်းက အလှူရှင်များက လာရောက်လှူဒါန်းခဲ့ကြသည်။
Sep 29,2021
ဧရာဝတီတိုင်းဒေသကြီးဟင်္သာတခရိုင်ကြံခင်းမြို့နယ်တွင်"ပန်းခင်းစီမံချက်"ဖြင့်ဆောင်ရွက်ခဲ့သောကြံခင်းမြို့နယ်ရဲတပ်ဖွဲ့နှင့်မိသားစုဝင်များ၏အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ခြင်းအခမ်းအနားကို ယမန်နေ့ နေ့လည်ပိုင်း က ကြံခင်းမြို့ဧရာဦးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Sep 29,2021
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်း ကွင်းဆင်း ဆောင်ရွက်ပေးခြင်းကို ယနေ့ နံနက် ၉ နာရီခွဲက ပွင့်ဖြူမြို့၊ ‌အရှေ့ပိုင်း ရပ်ကွက်သို့ သွားရောက်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများကို နေ့ချင်းပြီး အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
Sep 29,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ဝန်ထမ်းများမှ ရွှေဘိုပေါ်ဆန်း မိုးစပါးစိုက်ခင်းများတွင် ပိုးမွှားကင်း ထောက်မှတ်တမ်းကောက်ယူရန် Yellow Sticker များထောင်ခြင်းကို ယမန်နေ့က ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
Sep 29,2021
စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို ကျေးရွာများသို့ ကွင်းဆင်း၍ ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်(၉)နာရီ အချိန်က ဟဲဇင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ပြည်သူများအား ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Sep 29,2021
ကချင်ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အေးရိုးဗစ် အကြီးတန်း အငယ်တန်းအဆင့် ကျွမ်းကျင်မှု သင်တန်းဆင်းပွဲနှင့် ဆုပေးပွဲကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါရုံးရှိ ကာယကြံ့ခိုင်မှုလေ့ကျင့် ရေးခန်းမတွင်ကျင်းပရာ ကချင်ပြည်နယ်အားကစား ဆပ်ကော်မတီအ ဖွဲ့ ဥက္ကဋ္ဌ ဒေါ်နန်းစိန်အေးမှ သင်တန်းဆင်းအမှာစကား ပြောကြားခဲ့သည်။