ဆွမ်ပရာဘွမ် စက်တင်ဘာ ၂၉
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေး အရှိန်အဟုန်မြှင့် ခရီးသွားပြည်သူများအား RTD(Test ket) စစ်ဆေးမှုလုပ်ငန်းကို ယနေ့နံနက် ၉နာရီအချိန်က မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးဦးစီး ဌာန၌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဆွမ်ပရာဘွမ်မြို့ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးရောဂါကာလအတွင်း ကျန်းမာရေးဝန်ကြီး ဌာနမှချမှတ်ထားသော စည်းမျဉ်းစည်းကမ်းဖြင့် ခရီးသွားပြည်သူများကတတ်အားသမျှ ပါဝင်လိုက်နာ ဆောင်ရွက် ကြရန်၊ကုန်တင်ယာဉ်ကြီးများ၊ ခရီးသည်တင်ယာဉ်များ၊ ဆိုင်ကယ်ဖြင့်ခရီးသွားသူများက ကျန်းမာရေးစစ်ဆေးခံယူထားမှုရှိမရှိစစ်ဆေးခြင်း၊ ခရီးသွားရာဇဝင်များမေးမြန်းခြင်း၊ ဖုန်းနံပါတ်၊ နေရပ်လိပ်စာများမှတ်ထားခြင်းစသည့် အကြောင်းများကို ဆွမ်ပရာဘွမ်မြို့အဝင်ချစ်သူတံတား ကျန်းမာရေးစစ်ဆေးဂိတ်၌ လက်ခံစစ်ဆေးရမည်ဖြစ်ပြီး ကိုဗစ်၁၉ရောဂါပိုးရှိမရှိစစ်ဆေးခြင်းကိုလည်း မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးစောင့်ရှောက်ရေးဦးစီးဌာန၌ RTD(Test kit)ဖြင့်စစ်ဆေးခံယူကာ ရောဂါပိုးတွေ့ရှိပါကမြို့နယ် ကိုဗစ်-၁၉ကော်မတီဝင်များကသတ်မှတ်ထား သောနေရာဌာနတို့၌ ကျန်းမာရေး စောင့်ရှောက်မူခံယူကာ ကျန်းမာရေးပြန်လည်ကောင်းမွန်လာမှ သက်ဆိုင်ရာသို့ သွားခွင့်ပြုမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ကုသရေးအဖွဲ့များမှသိရသည်။
Henry Miko sa(ဆွမ်ပရာဘွမ်)