ဖျာပုံမြို့၌ ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေးအတွက်အသိပညာပေးနှိုးဆော်ခြင်းဆက်လက်ဆောင်ရွက်

ဖျာပုံ စက်တင်ဘာ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များအား ပြည်သူများမှ တိတိကျကျလိုက်နာဆောင်ရွက်ခြင်းဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ပြည်သူများက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန်ရည်ရွယ်၍ ယနေ့ နံနက်(၁၁)နာရီအချိန်က ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို အသံချဲ့စက်ဖြင့် လှည့်လည်အသိပေးကြော်ငြာ ဆောင်ရွက်ကြကြောင်း သိရသည်။

ထိုကဲ့သို့ အသိပညာပေးဆောင်ရွက်ရာတွင် ဖျာပုံခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများမှ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းစေရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ အတတ်နိုင်ဆုံးမိမိနေ အိမ်တွင်သာ နေထိုင်ကြရန်၊ နေအိမ်ပြင်ပသို့မဖြစ်မနေထွက်ရပါက ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို စနစ်တကျတပ်ဆင် ပြီးမှ သွားရောက်ရန်၊ လူစုလူဝေးသွားရောက်ခြင်းမှရှောင်ကြည်ရန်၊ တစ်ဦးနှင့်တစ်ဦး စကားပြောဆိုရာတွင်()ပေအကွာ မှ ပြောဆိုရန်၊ နှာခေါင်းစည်း(Mask) မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်းနှင့် စျေးဝယ်ခြင်းမှရှောင်ကြဉ်ရန် အသုံးအဆောင် ပစ္စည်းတစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် စက္ကန့်(၂၀)ကြာဆေးကြောရန်၊ ပါးစပ်၊ နှာခေါင်းနှင့် မျက်စေ့တို့ကိုပွတ်သပ်ခြင်း၊ ကိုင်တွယ်ခြင်းနှင့် ထိတွေ့ခြင်းမပြုလုပ်ကြရန်စသည့်အသိပ ညာပေးလုပ်ငန်းများကို ပြည်သူများမှ သိရှိလိုက်နာစေရေးအတွက်မြို့ပေါ်ရပ်ကွက်များသို့ အသံချဲ့စက်ဖြင့်လှည့်လည် ကြော်ငြာအသိပေးလျက်ရှိကြောင်းသိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)