ပွင့်ဖြူမြို့နယ်တွင် မုန်းချောင်းကမ်းပါးပြိုကျမှုကြောင့် လူနေအိမ်(၈)လုံး ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရ

ပွင့်ဖြူ      စက်တင်ဘာ       ၂၉

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယနေ့နံနက်ပိုင်းက မုန်းချောင်းရေတိုက်စားမှု ကြောင့် မုန်းချောင်း ကမ်းပါးပြိုကျမှုများ ဖြစ်ပွားခဲ့သဖြင့် လူနေအိမ်()လုံး ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရကြောင်း ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးမှ သိရသည်။

ပွင့်ဖြူမြို့နယ်တွင် ယခုရက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် မုန်းချောင်းရေ မြင့်တက်ကာ ရေတိုက်စားမှု ဖြစ်ပွားခဲ့ပြီး မုန်းချောင်းကမ်းပါးပြိုကျခဲ့သဖြင့် ပွင့်ဖြူမြို့နယ် ဇီးကိုင်းကျေးရွာအုပ်စု၊ နှောကျင်းကျေးရွာတွင် လူနေအိမ်()လုံး၊ ပေါက်ကုန်းကျေးရွာအုပ်စု၊ ဇီးကျွန်းကျေးရွာတွင်  လူနေအိမ်()လုံး၊ ကျောင်းစုကျေးရွာတွင် လူနေအိမ်()လုံး၊ စုစုပေါင်း လူနေအိမ်()လုံးမှာ ကမ်းပါးနှင့် နီးကပ်လျက်ရှိသည့်အတွက် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရကြောင်း သိရပြီး မုန်းချောင်းကမ်းပါး ပြိုကျမှုကြောင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရသည့် လူနေအိမ်များအား မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့်  ကျေးရွာနေ ပြည်သူများက ဝိုင်းဝန်းကူညီ ရွှေ့ပြောင်းပေးခဲ့ကြောင်း သိရသည်။

အဆိုပါ မုန်းချောင်းကမ်းပါး ပြိုကျမှုကြောင့် အခြားလူနှင့် တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း သိရသည်။

ရဲဝင်းနိုင်(ညောင်ဦး)