မောင်တော စက်တင်ဘာ ၂၉
ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ရွှေဇား ကပ္ပကောင်း ကျေးရွာရှိ လမ်းသွား၊ လမ်းလာ ပြည်သူ များအား ယနေ့နံနက် ၉ နာရီ အချိန်က အဆိုပါကျေးရွာရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ကိုဗစ်-၁၉ ပိုး ရှိ၊ မရှိ Rapid Diagn ostic Test (RDT) ဖြင့် အခမဲ့ ကွင်းဆင်း စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကံထွန်းအောင် ဦးဆောင်လမ်းညွန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ရွှေဇား ကပ္ပကောင်း ကျေးရွာအနီးအနားရှိ လမ်းသွားလမ်းလာ ပြည်သူများအထဲမှ မိမိ သဘော ဆန္ဒအရ လာရောက်စစ်ဆေးခံသူ စုစုပေါင်း (၆၂) ဦး အား ကိုဗစ်-၁၉ ပိုး ရှိ၊ မရှိ Rapid Diagn ostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ ၎င်းတို့မှာ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိခဲ့ကြောင်း မြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာမှ သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးစစ်ပေးနေရာများတွင် ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူး များက လိုအပ်သည်များကို ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး