အမြို့မြို့အနယ်နယ်သတင်းများ

Oct 01,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် ပဲမျိုးစုံ စိုက်ဧကများအတွင်း နေကြာသီးညှပ် စိုက်ပျိုးနိုင်ရန် တောင်သူများအား နေကြာမျိုးစေ့များ ပေးအပ်ပွဲကို ချမ်းသာကုန်းစိုက်ပျိုးရေးဆိုင်ရာ လူထုအခြေပြု တောင်သူပညာပေးစခန်းတွင် ယမန်နေ့၌ ကျင်းပခဲ့သည်။
Oct 01,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၊ ဝမ်လောကျေးရွာအုပ်စု၊ ကုန်းဆာကျေးရွာ၌ ကျောက်မဲ မြို့နယ်မှ စစ်ဘေးရှောင်ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယမန်နေ့ နံနက် (၁၀:၀၀) နာရီအချိန်ခန့်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Oct 01,2021
ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့နယ် ပြည်သူ့ဆေးရုံတွင် ယမန်နေ့ ညနေ ၃ နာရီချိန်၌ အမှတ်(၂) ရပ်ကွက်မှ အသက် ၃၀ နှစ်အရွယ်ရှိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ဦး အား ခွဲစိတ်၍ အောင်မြင်စွာကလေးမွေးဖွားပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ဆေးရုံမှ သိရသည်။
Oct 01,2021
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့၊ အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ နံနက် (၁၀)နာရီအချိန်က အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Vero Cell) ကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပထမ အကြိမ် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Oct 01,2021
 “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ပန်လုံမြို့၌ ယမန်နေ့ နံနက် ၁၀နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် နယ်မြေခံ မီးသတ်စခန်းမှ တပ်ဖွဲ့ဝင်များ ဦးဆောင်၍ ကိုးကန့်ယဉ်ကျေးမှုအဖွဲ့၊ “ဝ”ယဉ်ကျေးမှုအဖွဲ့တို့ဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများကို မြို့ပေါ်ရပ်ကွက်များတွင် လှည့်လည် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Oct 01,2021
ပြင်ဦးလွင် မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးနှိုးဆော်မှုကို စက်တင်ဘာ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီတွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ စုပေါင်း ဆောင် ရွက်ခဲ့ကြသည်။
Oct 01,2021
 တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်မြန်မာ့စီးပွါးရေးဘဏ်(ခွဲ)တွင်၂၀၂၁ခုနှစ်၊စက်တင်ဘာလအတွက် အငြိမ်းစားဝန်ထမ်းများ၏ပင်စင်လစာငွေများကို စက်တင်ဘာလ၂၁ရက်နေ့မှစ၍လကုန်ရက်အထိ အငြိမ်းစားဝန်ထမ်းပေါင်း(၂၃၅)ဦးအားကျန်းမာရေးဝန်ကြီးဌာန၏ကိုဗစ်-၁၉ရောဂါကာကွယ်ရေး ထုတ်ပြန်ချက်နှင့်အညီ အေးချမ်းစွာပုံမှန်ထုတ်ပေးလျက်ရှိကြောင်း မြို့နယ်မြန်မာ့စီးပွါးရေးဘဏ်(ခွဲ)မှ သိရသည်။
Sep 30,2021
စစ်ကိုင်းတိုင်းဒေသကြီး ၊ ရွှေဘိုခရိုင် ၊ ဝက်လက်မြို့နယ် တွင် ယနေ့ နံနက် ၈ နာရီ အချိန်က လိန်ပင်ကျေးရွာ ၊ တောင်သူ ဦးဉာဏ်ချို ၏ စပါးစိုက်ခင်းတွင် ၊မိုးစပါး တင်း ၁၀၀ ထွက်ရှိရေး ဥကပ်ပါး နဂျီလွှတ်၍ ပိုးမွှားကာကွယ် နှိမ်နှင်းခြင်း ကွင်းသရုပ်ပြပွဲ ကို ဆောင်ရွက်ကြကြောင်း သိရသည်။