ကြံခင်း စက်တင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့နယ်တွင် ကမ္ဘာ့ခွေးရူးရောဂါ ကာကွယ်တိုက်ဖျက်ရေးနေ့အထိမ်း အမှတ်အဖြစ် မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ခွေးရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်ပိုင်းတွင် ကြံခင်းမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံးတွင် ထိုးနှံပေးကြောင်း သိရသည်။
အဆိုပါ ခွေရူးရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းဖြင့် ကြံခင်းမြို့နယ်အတွင်းရှိ ပြည်သူများ ခွေးရူးရောဂါအန္တရာယ်မှကင်း ဝေးစေရန်၊ ခွေးရူးရောဂါဖြစ်ပွားမှု လျော့နည်းပပျောက်စေရန်၊ အိမ်မွေးတိရစ္ဆာန်များမှတစ်ဆင့် ခွေးရူးရောဂါ ကူးစက်မှုမရှိစေရန်နှင့် ခွေးရူးရောဂါကူးစက်မှုကြောင့် သေဆုံးမှုမရှိစေရန် ယခုလိုကာကွယ်ဆေးထိုးနှံပေးခြင်း ဖြစ်ကြောင်း မြို့နယ်မွေးမြူ ရေးနှင့် ကုသရေးဦးစီးမှုးဒေါက်တာဝင်းကိုထံမှ သိရသည်။
ကြံခင်းမြို့နယ်အတွင်းရှိအိမ်မွေး ခွေးကောင်ရေ(၅၀)အား မြို့နယ်မွေးမြူရေးနှင့်ကုသရေး ဦးစီးမှုးဒေါက်တာဝင်းကိုနှင့် ဝန်ထမ်းများက ခွေရူးရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံ့ ပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)