အမြို့မြို့အနယ်နယ်သတင်းများ

Sep 30,2020
ကိုဗစ် - ၁၉ရောဂါထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် မရမ်းကုန်းမြို့နယ် ကိုဗစ် - ၁၉ ကော်မတီသို့အပူချိန်တိုင်းForehead Temperature Detection Card (၉၀၀)ခု၊လက်သန့်ဆေးနှင့် အလှူငွေများ အား ယမန်နေ့နံနက်ပိုင်းကလှူဒါန်းခဲ့ကြသည်။
Sep 30,2020
ရန်ကုန်အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်အတွင် Facility Based Community Quarantine Centre များကို အ-ထ-က(၇)နှင့် အ-ထ-က(၄) အလုံတို့တွင် ဖွင့်လှစ်ဆောင်ရွက်ထားရာ အဆိုပါ Quarantine Centre များတွင် အသုံးပြုရန်အတွက် ယနေ့ နံနက်ပိုင်းက နှာခေါင်းစည်းများ(Mask)များ လာရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
Sep 30,2020
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ (Case No.4541) အမျိုးသမီးအား ပြည်မြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရာ အနံ့ပြန်လည်ရရှိလာပြီး ကိုဗစ်-၁၉ ရောဂါပိုး ကင်းစင်လာ၍ ကျန်းမာရေးကောင်းမွန်လာသ ဖြင့်
Sep 30,2020
လမ်းမတော်မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် လိုအပ်သည့်နေရာများတွင် လှူဒါန်းနိုင်ရန် အတွက် အမှတ်(၄၁)၊ လှည်းတန်းလမ်းအလှူရှင် ဦးသိန်းဦးမှ နေ့လယ်စာထမင်းဘူး (၈၅)ဘူးနှင့် SINGAPORE Kiasu – Kitchen မိသားစုမှ ညနေစာ ထမင်းဘူး(၁၀၀)ကို We Love Yangon (Lanmadaw)ပရဟိတအဖွဲ့သို့ ထမင်းဘူးများ ယမန်နေ့က သွားရောက်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။
Sep 30,2020
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်လျက် ရှိ သည့် သရက် - မင်းတုန်းလမ်းနှင့် မြို့ပတ်လမ်းတို့ကို ဆက်သွယ်ပေးမည့် ကိုးပင် အုပ်စု၊ အောင်သစ္စာ လမ်းတွင် မြေနီလမ်းခင်းခြင်းလုပ်ငန်းအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးကျော်ကျော်၊ မြို့နယ် ကျေးလက်လမ်းအင်ဂျင်နီယာ ဦးကိုကိုမင်းနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးတို့ ပါဝင်သောအဖွဲ့က ယမန်နေ့ နံနက်(၁၀) နာရီ က ကွင်းဆင်း စစ်ဆေးခဲ့သည်။
Sep 30,2020
လမ်းမတော်မြို့နယ်တွင် ယမန်နေ့ မွန်းလွဲပိုင်းက UMFCCI ၌ စက်မှုဇုန်များအတွင်း ကုန်စည်ပို့ဆောင် ရေးဆိုင်ရာကိစ္စရပ်များ၊ လုပ်ငန်းများလည်ပတ်နိုင်ရန် QR Pass ထုတ်ပေးထားရှိမှုအခြေအနေ၊ ကုန်စည် စီးဆင်းမှုမှန်ကန်စေရေး၊ စက်မှုဇုန်များအတွင်း လတ်တလော ခွင့်ပြုထားသည့် လုပ်ငန်းများရှိ လုပ်သား စာရင်းကောက်ယူရန်တို့ကို ဆွေးနွေးခဲ့ကြသည်။
Sep 30,2020
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ ဖွင့်လှစ်ရောင်းချလျက်ရှိသော စား သောက် ဆိုင်များနှင့် လက်ဘက်ရည်ဆိုင်များတွင် ပါဆယ်စနစ် (Take away) ဖြင့် ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်း များမှ ယမန်နေ့ နံနက် ၉ နာရီကကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Sep 30,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုများနှင့်အတူ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း ဦးဆောင်သော မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီက ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ဖြစ်ပေါ်လာသည့် အခြေ အနေများနှင့်အညီ စနစ်တကျ ဝိုင်းဝန်း တုံပြန်ဆောင်ရွက်နေလျက်ရှိရာ ယနေ့အထိ ကိုဗစ်-၁၉ ရောဂါ ကူးစက် ခံရသူ အတည်ပြုလူနာ မရှိသေးကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။