Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
မင်္ဂလာဒုံမြို့နယ် ကန့်သတ်စောင့်ကြည့်စခန်း (၁)နှင့် (၂)တို့တွင်ထားရှိသူ (၁၂၁)ဦး၏ Swab နမူနာယူ၍ အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနသို့ ပေးပို့ကာ စစ်ဆေးဆောင်ရွက်
Sep 30,2020
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် ပညာရေးစီမံခန့်ခွဲမှု သင်တန်းကျောင်းနှင့် အထက (၁)ကျောင်း Community base Facility Quarantine Centre များ၌ Quarantine ထားရှိသူ (၁၂၁)ဦး၏ Swab နမူနာအား ကျန်းမာရေးဝန်ထမ်းများက ရယူခဲ့ပြီး အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာနသို့ စစ်ဆေးရန် ပို့ဆောင် ထားကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
အောင်လံမြို့၌ မိုးသည်းထန်စွာရွာသွန်းပြီး ပြည်လမ်းမဘေးရှိ ဆက်သွယ်ရေးဖုန်းတိုင်မှ လျှပ်စစ်မီးကြိုးနှင့် ဖုန်းကြိုးထိမိကာ ဝါယာရှော့ဖြစ်၍ မီးလောင်မှု ဖြစ်ပွား
Sep 30,2020
မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့ တရော်ကုန်းရပ်ကွက် ပြည်လမ်း ကမ္ဘောဇ ဘဏ်ရှေ့တွင် ယမန်နေ့ မွန်းလွဲပိုင်း (၂)နာရီခန့်က မိုးသည်းထန်စွာရွာသွန်းပြီး ဖုန်းတိုင်မှ လျှပ်စစ် မီးကြိုးနှင့် ဖုန်းကြိုးများထိမိပြီး ဝါယာရှော့ဖြစ်၍မီးလောင်မှု ဖြစ်ပွား ကြောင်း မြို့နယ် မီးသတ်ဦးစီး ဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
တန့်ယန်းမြို့နယ်တွင် နေရပ်ပြန်လာသူများအား အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်း၌ စနစ်တကျ နေရာချထား
Sep 30,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ အလှူရှင်၊ စေတနာရှင်ပြည်သူများနှင့် ပူးပေါင်းကာ ဆောင်ရွက်လျက်ရှိရာ နေရပ်ပြန်လာသူများအား အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်း နှစ်ခု၌ စနစ်တကျ နေရာချထားပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ် စာမေးပွဲဝင်ခွင့် အဆိုပြုလွှာများ စတင်တင်သွင်းနိုင်
Sep 30,2020
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကျင်းပမည့် အဘိဓမ္မာနှင့် ဝိသုဒ္ဓိမဂ်စာမေးပွဲကို ဖြေဆိုကြမည့် ဆုထူးပန်အဘိဓမ္မာ သင်တန်းသားများအနေဖြင့် စာမေးပွဲဝင်ခွင့်အဆိုပြုလွှာများကို ယနေ့နံနက်ပိုင်းမှစတင်၍ တင်သွင်းနိုင်ပြီဖြစ်ကြောင်း ဆုထူးပန်အဘိဓမ္မာ ပြန့်ပွားရေအသင်း(မန္တလေး)ထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းပျဉ်းမြို့နယ်တွင် အသက် ၈၅ နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား စတုတ္ထသုံးလပတ် လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်
Sep 30,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်တွင် အသက်၈၅နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား စတုတ္ထသုံးလပတ် လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက်၁၀နာရီက ပိန်းဆန်းရပ်ကွက်ရှိ သက်ကြီးဘိုးဘွားများ အားတာဝန်ရှိသူများက အိမ်တိုင်ရာရောက်သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လောင်းလုံးမြို့နယ်အတွင်း ကိုဗစ်-၁၉ ကာလ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး
Sep 30,2020
စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကိုဗစ်-၁၉ကာလ စီးပွားရေးကုစားမှုအစီအစဉ် CERP အရ ကျေးလက်ဒေသနေမိသားစုများ ဝင်ငွေလျော့နည်းလာမှုနှင့် စားဝတ်နေရေး အခက်အခဲများကိုကုစားပေးနိုင်ရန် Cash For Work စီမံကိန်းနှင့် ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း VRFP တို့အား လောင်းလုံးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ် အတွင်း ရှိကျေးရွာပေါင်း (၁၁)ရွာတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆီဆိုင်မြို့နယ်၌ တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေး
Sep 30,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား မြို့နယ်အဆင့် တည်ဆောက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်အရည်အသွေးစစ်ဆေးရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ကုမ္ပဏီမှ တာဝန်ခံများလိုက်ပါ၍ ယမန်နေ့ နံနက် ၉ နာရီခွဲခန့်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ထန်းတပင်မြို့နယ် ပြည်သူ့ဆေးရုံနှင့် အသွားအလာကန့်သတ်စောင့်ကြည့်ရေး စင်တာလေးခုတို့ရှိ ကျန်းမာရေးဝန်ထမ်းများအတွက် ရောဂါကြိုတင်ကာကွယ်ရေးသုံးပစ္စည်းများလှူဒါန်း
Sep 30,2020
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ပြည်သူ့ဆေးရုံနှင့် အသွားအလာကန့်သတ် စောင့်ကြည့် ရေးစင်တာလေးခုတို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်း များကို ဆောင်ရွက်နေကြသည့် ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများအတွက် ရောဂါကြိုတင်ကာကွယ် ရေးသုံးပစ္စည်း(PPE)နှင့် နှာခေါင်းစည်း (Mask)များ ပေးအပ် လှူဒါန်းခြင်းကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ ဆေးရုံနှင့် အသွားအလာကန့်သတ် စောင့်ကြည့်ရေးစင်တာများတွင် အလှူရှင်တစ်ဦးနှင့် မြို့မပရဟိတ လူငယ်အဖွဲ့များက သွားရောက်လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
25338
Page
25339
Page
25340
Page
25341
Current page
25342
Page
25343
Page
25344
Page
25345
Page
25346
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department