တွံတေးမြို့နယ်တွင် နိုင်ငံတော်အစိုးရက ပုံမှန်ဝင်ငွေမရှိသော  အခြေခံလူတန်းစားများအား ငွေကျပ်နှစ်သောင်း ထပ်မံထောက်ပံ့ပေး

တွံတေး    ဩဂုတ်  ၁၄

နိုင်ငံတော်အစိုးရမှ Covid-19 ကာလအတွင်းဝင်ငွေနည်းပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစား များအား ငွေကျပ်နှစ်သောင်း ထပ်မံ ထောက်ပံ့ခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်း ခရိုင်၊ တွံတေးမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ တော်ဝင်စန္ဒကူး ခန်းမ၌ ယမန်နေ့ နေ့လယ် (၃)နာရီက ကျင်းပခဲသည်။

အဆိုပါအခမ်းအနားတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဇင်ဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ် အုပ်ချုပ်ရေးမှူးက ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများ နှင့် စာရေးဝန်ထမ်းများက ထောက်ပံငွေပေးအပ်ရာတွင် ကိုဗစ်-၁၉ ကာလတွင် လူစုလူဝေး မဖြစ်စေရေးနှင့် ပြည်သူများလက်ဝယ် အမြန်ရောက်ရှိစေရေး စနစ်တကျ ဆောင်ရွက်ပေး စေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် ကူညီရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူတို့က ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများအား ပေးအပ်ခဲ့ကြောင်းသိရသည်။ တွံတေးမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာ(၇၃)အုပ်စုမှ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု(၄၄၃၁၅)စုအတွက် တစ်အိမ်ထောင်လျှင် ငွေကျပ်၂၀၀၀၀ ကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ်(၈၈၆၃၀၀၀၀၀)ကျပ် အား နိုင်ငံတော်အစိုးရမှ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

မျိုးလှိုင်(တွံတေး)