အမြို့မြို့အနယ်နယ်သတင်းများ

Sep 30,2020
ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ကာကွယ် တားဆီးနိုင်ရေးအတွက် ဂန့်ဂေါခရိုင် ထီးလင်းမြို့ရှိ ပုဂ္ဂလိကအိမ်ဆိုင်များတွင် ဈေးရောင်းချရာ၌ နှာခေါင်းစည်း (Mask)နှင့် မျက်နှာကာ(Face Shield)များ တပ်ဆင် ရောင်းချရေး ယမန်နေ့နေ့လယ်ပိုင်းတွင် တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 30,2020
ကိုဗစ်-၁၉ ကာလအတွင်း လူမှုဝန်ထမ်းဦးစီးဌာနက လူမှုကာကွယ်စောင့်ရှောက်ရေးအစီအစဉ် ဖြင့် မသန်စွမ်းသူများအား ထောက်ပံ့ငွေကြေးပေးအပ်ခြင်းကို ဂန့်ဂေါမြို့နယ်၊ မြင်သားကျေးရွာတွင် ယမန်နေ့နံနက်ပိုင်းက ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း သိရသည်။
Sep 30,2020
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကိုကိုးကျွန်းမြို့နယ်တွင် ကျန်မာရေးနှင့် အားကစားဝန်ကြီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန့်ဇင် ဦးဆောင်၍ ကျန်မာရေး ဝန်ထမ်းများသည် ယနေ့ နံနက် ၉ နာရီအချိန်က ကိုကိုးကျွန်းမြို့နယ်ဆေးရုံတွင် သက်ကြီး ဘိုးဘွားများကို ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့သည်။
Sep 30,2020
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်ရှိ ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ကုသရေးနှင့်ကူညီ ထောက်ပံရေးအဖွဲ့သို့ အလှူရှင်များမှ ပြည်တွင်း၊ပြည်ပပြန်များ Quarantine ဝင်သူများအားကျွေးမွေး ရန်နှင့်လိုအပ်ချက်များတွင် သုံးစွဲနိုင်ရေးအလှူရှင်များက ယမန်နေ့ နေလည်က နေရာအသီးသီးတွင် လှူဒါန်းပေးခဲ့ကြောင်းသိရသည်။
Sep 30,2020
မြောက်ခင်ရန်းကျေးရွာ အောင်မင်္ဂလာကျောင်းဆရာတော် ဘဒ္ဒန္တဝိမလ ဦးဆောင်၍  ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစောရွှေမောင်နှင့် ကျေးရွာသူ/သားများစုပေါင်း၍ မေတ္တာရောင်ခြည်လူမှုရေး အသင်းအဖွဲ့သို့ စားသုံးဆီများကို ယမန်နေ့နံနက်က မြောက်ခင်ရန်းကျေးရွာ အောင်မင်္ဂလာကျောင်းတွင် လှူဒါန်းသည်။
Sep 30,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်တွင် ကိုဗစ်-၁၉ အတည်ပြု ပိုးတွေ့လူနာများ၊ သေဆုံးမှု များရှိနေခြင်း ကြောင့် လက်ရှိဖွင့်လှစ်ထားသော Quaratine Center များတွင် အခက်အခဲ ဖြစ်ပေါ် လျက်ရှိသည်။
Sep 30,2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ဒုတိယအကြိမ်မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။