အမြို့မြို့အနယ်နယ်သတင်းများ

Sep 30,2020
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်တွင်သဘာ၀တောမီးကြောင့် မိုးစပါးပျက်စီးတောင်သူများအား ထောက်ပံ့ငွေများပေးအပ်ပွဲကို ယမန်နေ့နေ့လယ်(၁)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Sep 30,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့ အခြေခံပညာအထက်တန်းကျောင်း (အင်းတော်) ရှိ အထက်တန်းဆင့် ကျောင်းသားကျောင်းသူများအတွက် ပညာသင် ထောက်ပံ့ကြေးများကို ယမန်နေ့က ပေးအပ်ခဲ့ကြောင်း သိရသည်။
Sep 30,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ်၌ ၂၀၂၀ပြည့်နှစ်၊ မိုးစပါးစိုက်ဧက ၇၆၂၇ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး စပါးမျိုးကွဲအလိုက်စိုက်ဧကမှာ မနောသုခ (၃၁၂၇)ဧက၊ဆင်းသုခ (၁၀၆၂)ဧက၊ ရတနာတိုး (၈၅၅)ဧက၊ ဧရာမင်း (၂၀၃၉)ဧက၊ကောက်ညှင်း (၃၇) ဧကနှင့် တောင်ယာ (၅၀၇)ဧက စုစုပေါင်း (၇၆၂၇)ဧကစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ဦးစီးမှူးဦးကျော်လင်းထွန်း ထံမှသိရှိရသည်။ ငဖဲမြို့နယ်တွင် ၂၀၁၉ခုနှစ်၊ မိုးစပါးဧက ၁၀၀၀၀ ကျော်စိုက် ပျိုးရန်လျာထားခဲ့ရာမှ စိုက်ဧက (၉၆၅၄)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ရိတ်သိမ်းဧက ၉၆၅၄ ဧကတွင် တစ်ဧကအထွက်နှုန်း ၇၃.၂၁ တင်း ထွက်ရှိခဲ့ကြောင်းသိရသည်။
Sep 30,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ဖောင်ရွာရပ်ကွက်တွင် ကလေးငယ်နှစ်ဦး အမွှေးတိုင်မီး ထွန်းညှိ ဆော့ကစားရာမှ နေ့လယ်(၁၂)နာရီ(၁၀)မိနစ် အချိန်ခန့်က လူနေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။
Sep 30,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ကိုဗစ်-၁၉စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ  စိုက်ပျိုးထားသော ကျန်စိမ့်ကျေးရွာရှိ မျိုးစေ့ထုတ်စိုက်ခင်းများတွင်  မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ ကွင်းဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခြင်း (Activities of Field Inspection)ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 30,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုခရိုင်၊တန့်ဆည်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်အတွင်း သဘာဝဘေးအန္တရာယ်ကြောင့် သီးနှံ ပျက်စီးဆုံးရှုံးခဲ့သည့်တောင်သူများအားနိုင်ငံတော်မှထောက်ပံ့ငွပေးအပ်ခြင်းကိုယနေ့နံနက် (၁၀)နာရီအချိန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ကျင်းပသည်။
Sep 30,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်တွင် Stay At Home ကာလအတွင်း နေအိမ်ပြင်ပသို့ ပြည်သူများ မလိုအပ်ဘဲ သွားလာခြင်းမရှိစေရေးအတွက် ယနေ့ နံနက်ပိုင်းက မြို့မဈေးရှေ့နှင့် မြို့သစ်ရပ်ကွက် ဗိုလ်ချုပ် ပန်းခြံရှေ့တို့တွင် စစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။