အမြို့မြို့အနယ်နယ်သတင်းများ

Sep 01,2020
ခေတ်မီပျားမွေးမြူရေး အတက်ပညာကို တောင်သူလယ်သမားများအတွင်း ပြန့်ပွားစေရန်၊ ပျားမွေးမြူ ရေးသည် ပျားနှင့်ဝတ်မှုန်ကူးခြင်းဖြင့် သီးနှံအထွက်တိုးစေပြီး စိုက်ပျိုးရေးကို အထောက်အကူပြုသည့် လုပ်ငန်းဖြစ်ကြောင်း တောင်သူလယ်သမားများ သဘောပေါက် နားလည်ဆောင်ရွက်ရန်၊ ဒေသခံပျား အမျိုးမျိုးကို လေ့လာသုတေသန ပြု၍ ဒေသအခြေအနေ နှင့် ကိုက်ညီသော ပျားမျိုးများ စနစ်တကျ မွေးမြူရေးကို ဆောင်ရွက်နိုင်ရန်၊ ဘိန်းစိုက်ပျိုးမူ ပပျောက်ရေး လုပ်ငန်းတွင် အထောက်အကူပြု လုပ်ငန်း တစ်ရပ်အဖြစ် ပါဝင်ဆောင်ရွက်ရန်၊ ဒေသခံပြည်သူများ ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ ဝက် ကဲ့သို့တစ်ပိုင် တစ်နိုင်မွေးမြူသလို ပျားမွေးမြူရေးအား မွေးမြူလာခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိလာစေရန်၊ ပျားမွေး မြူခြင်းဖြင့်ပျားစာရ နှမ်း၊ နေကြာ၊ ပန်းနှမ်း၊ ပဲစဉ်ငုံ၊ အစရှိသည်များကို ဘိန်းအစားထိုး သီးနှံအဖြစ် စိုက်ပျိုးဆောင်ရွက်လာစေရန် ရည်ရွယ်ချက်ဖြစ် ယနေ့ ၁၀ နာရီအချိန်က လွိုင်ကော်မြို့နယ်၊ ပိန်းချစ် ကျေးရွာ နှင့် ဒီးမော့ဆိုမြို့နယ် ဒေါရောက်ခူ ကျေးရွာတို့တွင် သွားရောက်ကာ တောင်သူများအား စာတွေ့၊ လက်တွေ့ ပြသသင်ကြားခြင်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။
Sep 01,2020
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး၊ ရောဂါကူးစက်ပြန့် ပွားမှု မရှိစေရေးနှင့် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် မြို့မဈေး အတွင်း၌ ယနေ့ နံနက် ၈ နာရီက တာဝန်ရှိသူများပူးပေါင်း၍ အသိပညာပေးလုပ် လုပ်ငန်းများ ဆောင်ရွက် ခဲ့ကြ သည်။
Sep 01,2020
ကော့သောင်းမြို့အနီး အက်ဒမန်ပင်လယ်အတွင်း Crew Change ပြုလုပ်ရန် MV.MCC TOKYO သင်္ဘောပေါ်မှ သင်္ဘောသား (၆) ဦး M.V BRAVE WORTH သင်္ဘောပေါ်မှ သင်္ဘောသား (၅) ဦး၊ MV.SIRIUS LEADER သင်္ဘောပေါ်မှ သင်္ဘောသား (၆) ဦး၊ MV.OCEAN GLORY သင်္ဘောပေါ်မှ သင်္ဘောသား (၃) ဦး၊ MV.WAN TONG STAR သင်္ဘောပေါ်မှ သင်္ဘောသား (၁၀) ဦးနှင့် MV.DINA OCEAN သင်္ဘောပေါ်မှ သင်္ဘောသား (၅) ဦး၊ စုစုပေါင်းသင်္ဘောသား (၃၅) ဦး Sign off ထွက်လာရာ ယမန်နေ့ ညနေပိုင်းက မြို့မဆိပ်ကမ်းမှတစ်ဆင့် ကော့သောင်းမြို့သို့ဝင်ရောက်လာပြီး Hotel Quarantine ဝင်ရောက်လျက်ရှိကြောင်း သိရသည်။
Sep 01,2020
ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP )အရ မိုးစပါး ( Rs To Cs ) မျိုးစေ့ထုတ်တောင်သူများအား ထောက်ပံ့ငွေပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနအစည်းဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Sep 01,2020
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ကြီးမှူးပြီး မြို့နယ်ဌာနဆိုင်ရာများပူးပေါင်း၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် (၉)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ဆမားခန်းမ၌ ကျင်းပခဲ့သည်။
Sep 01,2020
ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ​ရောဂါ ကင်း​ဝေး​စေ​ရေး အတွက် ယ​မန်နေ့ နေ့လယ် ၃ နာရီအချိန်မှစ၍ မြို့နယ်အတွင်းရှိ လမ်းများတွင် ပရိတ်တရား​တော်များ ရွတ်ဖတ်ပူ​ဇော်ခဲ့​ကြောင်း သိရှိရသည်။
Sep 01,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ မြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရန် အတွက် နှာခေါင်းစည်း(Mask)များကို ယနေ့နံနက် ၇ နာရီခွဲအ ချိန်က ကုန်းခါးရပ်ကွက် လမ်းဆုံပန်းခြံတွင် လမ်း သွား လမ်းလာ ပြည်သူများအား အခမဲ့ဖြန့်ဝေပေး ပြီး နှာခေါင်းစည်း(Mask)များ စနစ်တကျ တပ်ဆင် သွားလာ ကြစေရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
Sep 01,2020
တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ် မြို့အဝင်ဝတွင် ကိုဗစ်−၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးနှင့် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်စေရေးအတွက် နှာခေါင်းစည်းတပ်ဆင်ရေးလှုပ်ရှားမှု Mask Campaign အဖြစ် နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။