ကွမ်းခြံကုန်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် (Book Club) အဖွဲ့ဝင်များ၊ စာပေမြတ်နိုးသူများနှင့် စာဖတ်ဝိုင်းကျင်းပ

ကွမ်းခြံကုန်း ဩဂုတ် ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနသည် စာပေမြတ်နိုးတန်ဖိုးထားသူများ ပိုမိုတိုးပွားလာစေရန်နှင့် အချင်းချင်း ဝိုင်းဖွဲ့ဆွေးနွေးခြင်းအားဖြင့် တစ်ဦးချင်းစီ၏ အတွေးအခေါ်အသိအမြင်များအား မျှဝေ တတ်စေရန် ရည်ရွယ်၍ ယမန်နေ့နံနက်(၁ဝ)နာရီက လူထုအခြေပြုဗဟိုဌာနတွင် (Book Club) အဖွဲ့ဝင်များ၊ စာပေမြတ်နိုးသူများအား ဖိတ်ခေါ်၍ကိုဗစ်-၁၉ကာကွယ်ရေး နည်းလမ်းများနှင့် အညီ စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်နန့်ဆွေနွယ်ဦးမှ တက်ရောက် လာသူများအား စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက် များကို ရှင်းလင်းပြောကြားခဲ့ပြီး(Book Club ) အသင်းဥက္ကဋ္ဌ စာရေးဆရာ သန်းမြင့်သန်း (ကွမ်းခြံကုန်း) က ဆရာအောင်သင်း၏ “နှလုံးသားကိုလေးပေါ်တင်၍ ပစ်သောအခါ” စာအုပ်မှ “အတွေ့နဲ့အတွေး” စာစုအား ဖတ်ရှုဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသူ စာပေဝါသနာရှင် များကလည်း မိမိတို့ နှစ်သက်ရာ အချက်အလက်များကို တစ်ဦးချင်း ဖတ်ကြား ဆွေးနွေးခဲ့ပြီး မိမိတို့၏ သဘောထားအမြင်များကို  အချင်းချင်း ဝိုင်းဖွဲ့ ဆွေးနွေးခဲ့ကြသည်။  စာဖတ်ဝိုင်းသို့ ( Book Club) အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များ  တက်ရောက်ခဲ့ပြီး စာပေ မြတ်နိုးသူ များအတွက် စာဖတ်ဝိုင်းများအား ကိုဗစ်−၁၉ ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ပြန်လည် ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ထွန်းထွန်းစိုး(ပြန်/ဆက်)