အမြို့မြို့အနယ်နယ်သတင်းများ

Sep 10,2021
ကော့သောင်းမြို့တွင် ကိုဗစ်-၁၉ရောဂါထိန်းချုပ်ကုသရေးနှင့်အရေးပေါ် လုပ်ငန်းများတွင် တက်ကြွစွာ ဘော်လံတီယာလုပ်ငန်းများ ဆောင်ရွက်ပေးလျှက်ရှိသည့် မြို့၏အမာခံ စေတနာ့ဝန်ထမ်း ပရဟိတအဖွဲ့တစ်ဖွဲ့ဖြစ်သည့် ရွှေအဏ္ဏဝါ ပရဟိတအဖွဲ့ဝင်များအား မြို့မိမြို့ဖစေတနာရှင် မိသားစုက ယမန်နေ့မွန်းလွဲပိုင်းက PPE level 2 ဝတ်စုံ များ ပေးအပ် လှူဒန်းခဲ့ကြောင်း သိရသည်။
Sep 10,2021
ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်၊ ဇီးအွန်ကျေးရွာအုပ်စု၊ အင်ရိုဘော့ကျေးရွာတွင် သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေး၀န်ကြီးဌာန ပူတာအိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော လူထုဗဟိုပြုစီမံကိန်း (စတုတ္ထနှစ်စက်၀န်း)ခွင့်ပြုရန်ပုံငွေဖြင့် ကျောင်းခန်းမဆောင်သစ် ဆောက်လုပ်လျက်ရှိရာ စက်တင်ဘာ(၉)ရက်နေ့တွင် လုပ်ငန်း၏(၅၀)ရာခိုင်နှုန်းခန့်ပြီးစီးနေပြီ ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှသိရသည်။
Sep 10,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် ယမန်နေ့ ည၁၀နာရီခွဲ အချိန်မှ ၁၂နာရီအချိန်ခန့်ထိရွသွန်းသည့်မိုးကြောင့် ညောင်ဦးမြို့နယ်အတွင်းရှိ သစ်ပင် ကြီးများလဲကျပြီး ကားလမ်းပိတ်ဆို့မှုများဖြစ်လျှက်ရှိရာ ဖြတ်သန်းသွားလာသည့်ကား ၊ မော်တော်ဆိုင်ကယ် ၊သုံးဘီးယာဉ်များဖြတ်သန်းသွားလာနိုင်ရေး အဖွဲ့ပေါင်းစုံမှ စက်တင် ဘာ ၁၀ရက်၊ နံနက် ၅နာရီအချိန်မှ စတင်ကာ ရှင်းလင်းလျက်ရှိကြောင်းသိရသည်။
Sep 10,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်း မြို့သာယာလှပစေရေး အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် သန့်ရှင်းရေး လုပ်ငန်းများကို နေ့စဥ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက် ၇ နာရီ အချိန်ခန့်က အင်္ဂလားရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 10,2021
သုံးခွမြို့နယ်အတွင်းရှိပြည်သူများ သောက်သုံးရေအတွက် အားထားရသော ရေကန်တစ်ခု ဖြစ်သည့် အမှတ် (၉)ရပ်ကွက်( မြို့ပြင် )ရှိ ''ကန်သာယာရေကန်ကြီး'' သန့်ရှင်းသပ်ရပ်စေရေး ၊ စိမ်းလန်းစိုပြေနိုင်စေရေးနှင့် ရေကန်အနီးနေပြည်သူများ မိုးရာသီအတွင်းဖြစ်ပွားတတ်သော သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်စေရန်နှင့် နွေရာသီတွင် သန့်ရှင်းကြည်လင် သောသောက်သုံးရေရရှိရန်အတွက်  ယမန်နေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများနှင့် ပရဟိတ အဖွဲ့များစုပေါင်းသန့်ရှင်းရေးပြုလုပ်ခဲ့ကြောင်း သိရသည်။
Sep 10,2021
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်အတွင်းရှိ သံဃာတော်/သီလရှင်များ၊ အသက်(၆၅)နှစ်နှင့် အထက်အသက်ကြီးသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ၊ ပုဂ္ဂလိကပို့ဆောင်ရေးဝန်ထမ်းများ၊ ပုဂ္ဂလိကစက်ရုံအလုပ်ရုံ ဝန်ထမ်းများ၊ ဟိုတယ်မိုတယ်ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများနှင့် ဈေးသူဈေးသားများအား ယမန်နေ့ နံနက်(၉)နာရီမှစတင်ကာ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အောင်ဆန်းခန်းမ၌ ဒုတိယအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Sep 10,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်အတွင်း၌ ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးမှုများ၊ အသက်(၅၅)နှစ်မှ (၆၅)နှစ်အတွင်းရှိသူများအာ ကာကွယ်ဆေး ဆက်လက် ထိုးပေးရန် စာရင်းပေးသွင်းနိုင်ရေးနှင့် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများကို လိုက်နာဆောင်ရွက် နိုင်ရန်အတွက် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ချက် များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရေး အသိပေးနှိုးဆော်ခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက လှည့်လည်အသိပေး နှိုးဆော်ဆောင်ရွက် ပေးလျက် ရှိသည်။
Sep 10,2021
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုလျော့နည်းလာစေရေးအတွက် ပြည်သူများ လိုက်နာဆောင်ရွက်သင့်သည့် ရောဂါကြိုတင်ကာကွယ်ရေးနည်းလမ်းများအကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ရည်ရွယ်၍ အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် တိုက်ကြီးမြို့နယ်အတွင်း ယမန်နေ့ ညနေပိုင်းအချိန်က တာဝန်ရှိသူများက မြို့နယ်အတွင်း မော်တော်ယာဉ်ဖြင့် အသိပညာပေး လှည့်လည်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။