ကသာ ဩဂုတ် ၁၄
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ် အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား ထောက်ပံ့ကြေးငွေများပေးအပ်ခြင်းကို ယမန်နေ့က ကသာမြို့နယ်စီ မံခန့်ခွဲမှုကော်မတီ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ထိုသို့ပေးအပ်ရာတွင် ကသာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ကြည်၊ ကသာမြို့နယ်စီမံခန့်ခွဲ မှုကော်မတီဥက္ကဋ္ဌ ဦးကျော်ဒေဝနှင့် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာများမှ ပုံမှန်ဝင်ငွေမရှိ သော အခြေခံလူတန်းစားအိမ်ထောင်စုများ အတွက် ကိုဗစ်-၁၉ ကာလအတွင်း နိုင်ငံတော်မှ ထုတ်ပေးသည့် ကသာမြို့နယ်အတွင်းရှိ အိမ်ထောင်စု(၁၃၂၂၅)စုတို့အား အိမ်ထောင်စု တစ်စုလျှင် ထောက်ပံ့ငွေ (၂၀၀၀၀)ကျပ်နှုန်းဖြင့် ထောက်ပံ့ငွေကျပ်(၂၆၄၅)သိန်းကို အခြေခံလူတန်းစားအိမ်ထောင်စုများ၏ လက်ဝယ်သို့ အရောက်ပေးအပ်နိုင်ရေး အတွက် သက်ဆိုင်ရာရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ လွဲပြောင်းပေးအပ်ခဲ့ပြီး ယင်းထောက်ပံ့ငွေများကို အဆိုပါရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် အခြေခံလူတန်းစားအိမ်ထောင်စုများ၏ အိမ်သို့ အရောက်ပေးအပ်သွားမည် ဖြစ်ကြောင်း ကသာမြို့နယ် စီမံခန့်ခွဲမှု ကော်မတီထံမှ သိရသည်။
အဆိုပါထောက်ပံ့ငွေများ ပေးအပ်ခြင်းသို့ ကသာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ကြည်၊ ကသာမြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဒေဝနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အခြေခံလူ တန်းစားများ လက်ဝယ်သို့ မှန်ကန်စွာ ရောက်ရှိရေး၊ ထောက်ပံ့ကြေး ထုတ် ပေးရေးမြို့နယ်အဆင့်အဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအဆင့်ကော်မတီများ တက်ရောက်ကြောင်း သိရသည်။
ရဲအောင်(ပြန်/ဆက်)