အမြို့မြို့အနယ်နယ်သတင်းများ

Jan 15,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အရှေ့တောင်ဘက် ၃ မိုင် ၂ဖာလုံခန့် အကွာ ပုဂံဘူတာအနီးတွင် ယမန်နေ့ ညနေပိုင်း ၄ နာရီ ၄၇ မိနစ်အချိန်ခန့်က မီးလောင်မှု ဖြစ်ပွား ခဲ့ကြောင်း ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ် မီးသတ် ဦးစီးမှူး ဦးကျော်မင်းသူထံက သိရသည်။
Jan 15,2021
စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကမ္ဘာ့ဘဏ်၏ အကူညီဖြင့်အကောင်ထည်ဖော်ဆောင်ရွက်သည့် သဲကုန်းမြို့နယ် လူထုဗဟိုပြုစီမံကိန်း လုပ်ငန်းများကို ပဲခူးတိုင်းဒေသကြီးတိုင်း CDD စီမံကိန်းနည်းပညာအကြံပေးအရာရှိ ဦးပီတာထန်ခပ်မုံ၊ ဒု-ဦးစီးမှူး ဒေါ်လှဖုံးခိုင်၊ တိုင်းနည်းပညာအကြံပေး အင်/ယာ ဒေါ်ဆွေသနာညွန့်နှင့် သဲကုန်းမြို့နယ် လူထုဗဟိုပြုစီမံကိန်း တာဝန်ရှိသူများသည် ယမန်နေ့က သစ်နီတော အုပ်စု၊ သစ်နီတောကျေးရွာ၊ သိန်းသောင်းကျေးရွာ၊ မင်းလှအုပ်စု၊ ချောင်းစောက်ကုန်းကျေးရွာ၊ ဆောက်ခြုံကြီးကျေးရွာအုပ်စု၊ ကျားစုကုန်းကျေးရွာ၊ တံခွန်တိုင်အုပ်စု၊ ဂူကြီး ကျေးရွာ၊ ထန်းပင်မှော်ကျေးရွာအုပ်စု၊ ကန်ကြီးကျေးရွာနှင့် ကန်နှစ်ဆင့်ကျေးရွာအုပ်စု၊ ကန်နှစ်ဆင့်ကျေးရွာ များအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
Jan 15,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ရေဆုံး၊ ကျွဲကူး၊ ဥယျာဉ်နှင့် မလွှကုန်း အစရှိသည့် ပင်းချောင်းလွင်ပြင် ကျေးရွာများတွင် ဆောင်းကြက်သွန်များစတင် စိုက်ပျိုးနေကြပြီဖြစ်ကြောင်းသိရသည်။
Jan 15,2021
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဘိုးဘွားရိပ်သာရှိ အဘိုး အဖွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများကို ယမန်နေ့ နေ့လည် ၃ နာရီက လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
Jan 15,2021
ရန်ကုန်အ​နောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ် နတ်​မောက်လမ်းရှိ ကန်​တော်ကြီးပန်းခြံ မြေပ​ဒေသာကျွန်း‌ ရွှေအိုးကမ္ဘာစိုက်ပျိုး‌ရေး အ‌ရောင်းဆိုင်၌ ယ​မန်နေ့ည ၈:၃၅ အချိန်ခန့်က power bank အားသွင်းထားခဲ့ရာ အပူလွန်ကဲပြီး အနီးရှိစာအုပ်စင်သို့ မီးကူးကာ မီးစတင်​လောင်ကျွမ်းမှု ဖြစ်ပွားခဲ့​ကြောင်း သိရသည်။
Jan 15,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ပထမအကြိမ် RDT Test Kit ဖြင့်စစ်ဆေးပြီး၊ ဒုတိယအကြိမ် Swab ယူ စစ်ဆေးရန်ကျန်ရှိသူ (၇၂)ဦး၊ အနံ့မရသဖြင့် မြို့နယ်ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသနေသူ(၃)ဦး၊ စုစုပေါင်း(၇၅)ဦးကို Swab နမူနာယူ၍ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာန(မန္တလေး) သို့၊ ဇန်နဝါရီ(၁၄)ရက်နေ့က ပို့ဆောင်စစ်ဆေးခဲ့ရာ (၇)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။
Jan 15,2021
စစ်ကိုင်းတိုင်းဒေသကြီး က‌လေးမြို့တွင် ယမန်နေ့က ခုတင် ၃၀၀ ဆံ့ ဆေးရုံကြီးရှိ ရောဂါ ရှာဖွေရေးဌာန ဓာတ်ခွဲခန်းတွင် စစ်ဆေးသူ (၁၀) ဦးအနက် (၁) ဦးတွင်လည်းကောင်း၊ အတည်ပြု လူနာများနှင့် ဆက်စပ်လျက်ရှိသူ (၃၁) ဦးအား
Jan 15,2021
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာလ အခက်အခဲရှိသူများအား We Love Yangon မှ လှူဒါန်းထားရှိသည့် အခြေခံစားသောက်ကုန်ပစ္စည်းများကို We Love Htantabin လူထုအခြေပြု ပရဟိတအဖွဲ့(ထန်းတပင်)မှ ပြန်လည်၍ ကူညီ ထောက်ပံ့ဖြန့်ဝေပေးလျက်ရှိကြောင်း အဆိုပါအဖွဲ့မှ သိရသည်။