အမြို့မြို့အနယ်နယ်သတင်းများ

Aug 05,2021
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်အတွင်းရှိ အသက် ၆၅ နှစ်အထက် မိဘပြည်သူများနှင့် ဦးစားပေးအစီအစဉ်အလိုက ်ဆေးထိုးနှံပေးနိုင်သူများအား တရုတ်ပြည်သူ့သမ္မတနိုင်ငံထုတ် Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ယမန်နေ့ကဆက်လက်ထိုးနှံပေးလျက်ရှိရာ ကာကွယ်ဆေးထိုးနှံပြီးသူ စုစုပေါင်း ၄၅၅၈ဦးရှိပြီဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီမှ သိရသည်။
Aug 05,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင်မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့များ၏ အနီးကပ်ကြည့်ကြပ်မှုဖြင့် ယမန်နေ့နံနက်(၁၀)နာရီက မင်းလံကစကဲ ကျေးရွာအုပ်စု၊ ကစကဲကျေးရွာ၊ ကစကဲ စိုက်ပျိုးမွေးမြူရေးနှင့် အသက်မွေးမှု အတတ်သင်စခန်းရှိ စည်းကမ်းထိန်းသိမ်းရေးရုံးတွင် အကျဉ်းသားများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေးများထိုးနှံပေးခဲ့ကြောင်း သိရသည်။
Aug 05,2021
ရခိုင်ပြည်နယ်၊ အမ်းမြို့၌    ပိုးတွေ့ရှိခဲ့သည့်   လူနာများနှင့်  ထိတွေ့ခဲ့သူများ၊   ဖျားနာ၊ ချောင်းဆိုး၊ အသက်ရှုကြပ်ပြီး အမ်းမြို့ ပြည်သူ့ဆေးရုံသို့ လာရောက် ပြသခဲ့သူများအား  ယမန်နေ့တွင် Rapid Diagnostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ  စစ်ဆေးသူများ အနက် မှ ဈေးတောင်ရပ်ကွက်နေ(၃) ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း မြို့နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။ 
Aug 05,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၊ ရွာငံမြို့နယ်အတွင်းရှိ အသက် (၆၅)နှစ်အထက်အဘိုးအဘွားများနှင့်ပြည်သူများအား ကိုဗစ်−၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းမှစ၍ ရွာငံမြို့ ဗထူးခန်းမ၊ ရေဦး၊ မြိုင်၊ မြင်းကျဒိုးနှင့် မြို့ကြီး ကျေးရွာများရှိ သတ်မှတ်နေရာများ၌ ဇုန်(၅)ဇုန်ခွဲ၍ ထိုးနှံပေးခဲ့သည်။
Aug 05,2021
မြစ်ကြီးနားမြို့နယ်သည် ကိုဗစ်-၁၉ ကူးစက်မှုနှုန်း မြင့်မားလာသည့်အတွက် Stay Home အစီအစဉ်တွင် ပါဝင်လာခဲ့ပြီး နေအိမ်ပြင်ပ ထွက်သွားလာခွင့်ရှိသူများအား မဖြစ်မနေ နှာခေါင်း စည်း Mask တပ်ဆင်သွားလာရေး ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဦးဆောင်၍ သြဂုတ် ၅ ရက် နံနက် ၇ နာရီခွဲတွင် မြစ်ကြီးနားမြို့ ရပ်ကွက်ဈေးများတွင် တတိယအကြိမ် Mask Campaign အစီအစဉ်ဖြင့် အသိပညာ‌ပေးခြင်း လုပ်ငန်းကို ဆောင်ရွက်ခဲ့ကြသည်။
Aug 05,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် စုရပ်(၃)နေရာ၌အုပ်စု(၄)အုပ်စုခွဲကာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသည့် သက်ကြီးဘိုးဘွားများ၊ ရဟန်းသံဃာများ၊ သီလရှင် ဆရာများအား ဇူလိုင်လ ၃၁ ရက် နေ့နံနက် ၁၀ နာရီ အချိန်ကစတင်၍ ကာကွယ်ဆေးထိုး ခြင်းလုပ်ငန်းများကို ထိုးနှံပေးလျက်ရှိ​ရာ ယမန်နေ့ နံနက် ၁၁ နာရီ ခွဲအချိန်တွင် တနင်္သာရီတိုင်း ဒေသကြီးအစိုးရ အဖွဲ့ဝင်၊ လူမှုရေးရာဝန်ကြီး ဦးယဉ်ထွေးသည် ထားဝယ်မြို့ မြို့တော်ခန်းမ၌ ကိုဗစ်ကာကွယ်ဆေး ထိုးနှံနေသည့် ရဟန်းရှင်လူပြည်သူများအား သွားရောက်တွေ့ဆုံကာ အားပေးစကားပြောကြားခဲ့ကြောင်းသိရသည်။
Aug 05,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် အသက်(၆၅)နှစ်နှင့်အထက် အသက်အရွယ်ကြီးသူများ အပါအဝင် ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ သီလရှင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အခြား ပုဂ္ဂလိက/အလုပ်ရုံ၊ စက်ရုံများမှ ဝန်ထမ်းများ၊ အကျဉ်း/အချုပ်သားများကို  မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမတွင် ယမန်နေ့ နံနက် ၉ နာရီမှ စတင်ပြီး ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံ ဆောင်ရွက်ပေးနေကြောင်း ပွင့်ဖြူမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။