သဲကုန်းမြို့နယ်တွင် လူထုဗဟိုပြုစီမံကိန်းလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

သဲကုန်း  ဇန်နဝါရီ  ၁၅

စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကမ္ဘာ့ဘဏ်၏ အကူညီဖြင့်အကောင်ထည်ဖော် ဆောင်ရွက်သည့် သဲကုန်းမြို့နယ် လူထုဗဟိုပြုစီမံကိန်း လုပ်ငန်းများကို ပဲခူးတိုင်းဒေသကြီးတိုင်း CDD စီမံကိန်း နည်းပညာအကြံပေးအရာရှိ ဦးပီတာ ထန်ခပ်မုံ၊ ဒု-ဦးစီးမှူး ဒေါ်လှဖုံးခိုင်၊ တိုင်းနည်းပညာအကြံပေး အင်/ယာ ဒေါ်ဆွေသနာညွန့်နှင့် သဲကုန်းမြို့နယ် လူထုဗဟိုပြုစီမံကိန်း တာဝန်ရှိသူများ သည် ယမန်နေ့က သစ်နီတော အုပ်စု၊ သစ်နီတောကျေးရွာ၊ သိန်းသောင်းကျေးရွာ၊ မင်းလှအုပ်စု၊ ချောင်းစောက်ကုန်းကျေးရွာ၊ ဆောက်ခြုံကြီးကျေးရွာအုပ်စု၊ ကျားစုကုန်းကျေးရွာ၊ တံခွန်တိုင်အုပ်စု၊ ဂူကြီး ကျေးရွာ၊ ထန်းပင်မှော်ကျေးရွာအုပ်စု၊ ကန်ကြီးကျေးရွာနှင့် ကန်နှစ်ဆင့်ကျေးရွာအုပ်စု၊ ကန်နှစ်ဆင့်ကျေးရွာ များအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ထိုကွင်းဆင်းခြင်းအစီအစဉ်တွင် ကျေးရွာကော်မတီခေါင်းဆောင်များနှင့်တွေ့ဆုံ၍ လူထုဗဟိုပြုစီမံကိန်း လက်စွဲစာအုပ် လမ်းညွှန်ချက်များနှင့်အညီ စီမံကိန်း လုပ်ငန်းခွဲများ၊ အကောင်ထည်ဖော်ဆောင်ရွက်နိုင်မှုအခြေ အနေများကိုဆွေးနွေးခဲ့ကြပြီး ထိုကဲ့တို့ဆွေးနွေးမှုများထဲတွင် တာဝန်ယူမှုတာဝန်ခံမှု အပိုင်းများ၊ ကျား-မ ရေးရာတန်းတူညီမျှမှု အပိုင်းများ၊ ပစ္စည်းဝယ်ယူဆုံးဖြတ်ရွေးချယ်သည့် အစီအစဉ်များ၊ ရေရှည်ဖွံ့ဖြိုးရေးအစီ အစဉ်များကို အခြေခံပြီး ရင်းရင်းနှီးနှီး ဆွေးနွေးခဲ့ကြကာ စီမံကိန်းလုပ်ငန်းလုပ်ဆောင်ရာတွင် ပူးပေါင်းပါဝင် ဆောင်ရွက်မှုဖြင့် ရေရှည်တည်တံ့ခိုင်မြဲစေရန်အတွက် လိုအပ်သည့်လမ်းညွှန်မှုများအား အကြံပြု ခဲ့ကြောင်း သိရှိရသည်။

နိုင်လင်း(သဲကုန်းပြန်/ဆက်)