ဇီးကုန်း ဇန်နဝါရီ ၁၅
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ဇီးကုန်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဘိုးဘွားရိပ်သာရှိ အဘိုး အဖွားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများကို ယမန်နေ့ နေ့လည် ၃ နာရီက လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဇီးကုန်းမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်နှင်းနှင်းယုနှင့် ဝန်ထမ်းများသည် ဘိုးဘွားရိပ်သာရှိ အဘိုး(၇)ဦးနှင့် အဖွား(၁၁)ဦးတို့အား ဘိုးဘွားတစ်ဦးလျှင် surgical mask တစ်ဗူး၊ Hand Sanitizer တစ်ဗူးနှင့် ကိုယ်တိုက်ဆပ်ပြာ တစ်ခုစီအား ပေးအပ်လှူဒါန်းခဲ့ရာ ဘိုးဘွား ရိပ်သာဥက္ကဋ္ဌ ဦးဆန်းအောင်က ကျေးဇူးတင်ဝမ်းမြောက်စကား ပြောကြားခဲ့သည်။ အဆိုပါ လှူဒါန်းမှုအား Help Age International(Myanmar)မှ ပံ့ပိုးကူညီခဲ့ကြောင်းနှင့် လူမှုဝန်ထမ်း ဦးစီးဌာန အသိအမှတ်ပြုဘိုးဘွား ရိပ်သာ (၈၆)ခုသို့ လှူဒါန်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တင့်ဆွေ(ပြန်/ဆက်)