အမြို့မြို့အနယ်နယ်သတင်းများ

Jan 15,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ နခံတောရွာ၊ ရပ်ခံတောင်ဘုရားအနောက်ဘက်ရှိ ဂဝံထုတ်လုပ်နေရာအား ရှေးဟောင်း နေရာတည်ရှိဇုန် (Ancient Site Zone) အဖြစ် သတ်မှတ်နိုင်ရန် ဇန်နဝါရီ ၁၃ ရက် ညနေပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီးဦးဟိုပင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
Jan 15,2021
ပဲခူးမြို့နယ် အောက်စည်တီး(အရှေ့)ကျေးရွာတွင် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည့် အသက်မွေးဝမ်းကြောင်း အထောက်အကူပြု ဆိုင်ကယ်ပြင်သင်တန်း လက်တွေ့ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးကြသည်။
Jan 15,2021
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် သစ်တောဦးစီးဌာက ယင်းဆိပ်ယာယီပျိုးဥယျာဉ်တွင် ၂၀၂၀-၂၀၂၁ ခုနှစ် သစ်ပင်စိုက်ပျိုးရာသီ၌ အသင့်စိုက်ပျိုးနိုင်ရန်အတွက် ပျိုးပင်မျိုးစုံပေါင်း (၅၃၀၂၀) ပင် ပျိုးထောင်ထားရှိကြောင်း သိရသည်။
Jan 15,2021
ပဲခူးမြို့တွင် မြို့တော်အင်္ဂါရပ်နှင့်အညီ လမ်းတံတားများဖွံ့ဖြိုးတိုးတက်ပြီး မြို့အတွင်းယာဉ်ကြော ကြပ်တည်းမှုများ ဖြေလျော့စေရန် ပဲခူးမြစ်ကူးတံတားသစ်(မြို့ဦးကင်း)ကို ၂.၃.၂၀၁၉ ခုနှစ်မှ စတင်တည်ဆောက်ခဲ့ရာ ၁၀၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
Jan 15,2021
မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ယမန်နေ့၌ ဓာတ်ခွဲအဖြေရရှိမှု ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ (၅၈) ဦးရှိကြောင်း ထုတ်ပြန်ခဲ့သည်။
Jan 15,2021
တောင်သူလယ်သမားများ၏ လယ်ယာထွက်ကုန်ပစ္စည်းများကို အချိန်နှင့်တပြေးညီ အဆင်ပြေ ချောမွေ့စွာ သယ်ယူ ပို့ဆောင် နိုင်ရေးအတွက် တမူးခရိုင်၊ ခါမ်းပါတ်မြို့၊ တိန်းကယားကျေးရွာအုပ်စု၊ တိန်းကယား (ချင်း) ကျေးရွာတွင် လယ်ယာကုန် ထုတ်လမ်း ဖောက်လုပ်ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။
Jan 15,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့၌ ကိုဗစ်-၁၉ ရောဂါနှင့်သဘာဝဘေးအန္တရာယ်များ ကြိုတင် ကာကွယ်နိုင်ရေး အသိပညာပေးနှိုးဆော်ခြင်းများကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Jan 15,2021
ပညာရေးဝန်ကြီးဌာနနှင့် Asian Development Bank-ADB တို့ ပူးပေါင်း၍ လူငယ်များ အလုပ်အကိုင် ရရှိရေးအတွက် လေ့ကျင့် ပြုစုမွေးထုတ်ရေးစီမံကိန်း (Equipping Youth For Employment Project-EYE) အရ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်၊ တဘက် ကျေးရွာအုပ်စု၊ ပန်ကန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းတွင် စာသင်ကျောင်းဆောင်နှင့် ကျောင်းသား/သူများအိပ်ဆောင် ဆောက်လုပ်လျက်ရှိရာ ယမန်နေ့ နံနက် ၁၁ နာရီက တာဝန်ရှိသူ များက ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။