ဗဟန်း ဇန်နဝါရီ ၁၅
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ် နတ်မောက်လမ်းရှိ ကန်တော်ကြီးပန်းခြံ မြေပဒေသာကျွန်း ရွှေအိုးကမ္ဘာစိုက်ပျိုးရေး အရောင်းဆိုင်၌ ယမန်နေ့ည ၈ နာရီ ၃၅ မိနစ်ခန့်က power bank အားသွင်းထားခဲ့ရာ အပူလွန်ကဲပြီး အနီးရှိစာအုပ်စင်သို့ မီးကူးကာ မီးစတင်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်ကျွမ်းသည့်နေရာသို့ ရန်ကုန်အနောက်ပိုင်းခရိုင်အတွင်းရှိ မီးသတ်တပ်ဖွဲ့ဝင်များမှ မီးငြိမ်းသတ်ခဲ့ရာ ၈ နာရီ ၅၅ မိနစ်ခန့်က မီးငြိမ်းခဲ့ကြောင်းနှင့် မီးလောင်မှုဖြစ်စဉ်ကြောင့် လူများ ထိခိုက်မှုမရှိကြောင်း၊ အဆိုပါ မီးလောင်မှုသည် level - 1 အဆင့်ဖြစ်ကြောင်း သိရသည်။
အနောက်ပိုင်းခရိုင်(ပြန်/ဆက်)