ကလေး ဇန်နဝါရီ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ယမန်နေ့က ခုတင် ၃၀၀ ဆံ့ ဆေးရုံကြီးရှိ ရောဂါ ရှာဖွေရေးဌာန ဓာတ်ခွဲခန်းတွင် စစ်ဆေးသူ (၁၀) ဦးအနက် (၁) ဦးတွင်လည်းကောင်း၊ အတည်ပြု လူနာများနှင့် ဆက်စပ်လျက်ရှိသူ (၃၁) ဦးအား Test Kit များဖြင့် ပထမအကြိမ် စစ်ဆေးရာ (၃) ဦးတွင် လည်းကောင်း၊ ပြည်ပပြန်နှင့်အသွားအလာ ကန့်သတ်ထားရှိသူ (၂၀) ဦးအနက် (၁) ဦးတွင် လည်းကောင်း၊ အနံ့ပျောက်၊ ခေါင်းဆိုး၊ မောပမ်းသဖြင့် လာရောက်ပြ သသူ (၁) ဦးတွင်လည်း ကောင်း စုစုပေါင်း (၆) ဦးတွင် ကိုဗစ်-၁၉ ရောဂါ Positive အဖြေထွက်ရှိလျက်ရှိကြောင်း သိရသည်။
အဆိုပါအတည်ပြုလူနာများမှာ ကလေးမြို့ တာဟန်းရပ်ကွက် နယ်မြေ(၄)နေ အသက် (၂၄)နှစ် အရွယ် အမျိုးသား တစ်ဦး၊ အေးသာယာကျေးရွာနေ အသက်(၄၂)နှစ်၊ (၁၉)နှစ်၊ (၆) နှစ်အရွယ် အမျိုးသမီး (၃) ဦး၊ စီးစံကျေးရွာနေ အသက်(၁၆)နှစ်အရွယ် အမျိုးသား (၁) ဦး၊ ချမ်းမြေ့ အောင်စည်ရပ်ကွက်နေ အသက် (၃၂) နှစ်အရွယ် အမျိုးသမီး (၁) ဦးတို့ဖြစ်ကြပြီး တိုင်းရင်းဆေးရုံနှင့် ပြည်သူ့အဌားအိမ်ယာ အိတ်စွပ်ရှိ အထူးကြတ်မတ်ကုသဆောင်တွင် ဆေးကုသမှု ခံယူစေလျက်ရှိကြောင်း သိရသည်။
ကလေးမြို့တွင် ကိုဗစ်-၁၉ အတည်ပြုလူနာ (၄၃) ဦးကျန်ရှိနေပြီး တိုင်းရင်းဆေးရုံနှင့် ပြည်သူ့အငှားအိမ်ယာ အိတ်စွပ် အထူးကြတ်မတ် ကုသဆောင်တို့တွင် ဆေးကုသမှု ခံယူစေ လျက်ရှိကြောင်း သိရသည်။
ထန်းဖုန်(ပြန်/ဆက်)