အမြို့မြို့အနယ်နယ်သတင်းများ

Jan 15,2021
မွန်ပြည်နယ်၊ သထုံမြို့နယ်အတွင်းရှိ ကျေးလက်ဒေသများတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်းဆောင်ရွက်မည့် သန့်ရှင်းသော သောက်သုံးရေရရှိရေး လုပ်ငန်းများ မိတ်ဆက်ရှင်းလင်းပွဲအခမ်းအနားကို ဇန်နဝါရီလ ၁၅ ရက်၊ နံနက်က သထုံမြို့၊ လိပ်အင်းရပ်ကွက်ရှိ မြိုနယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးရုံး ခန်းမ၌ ပြုလုပ်သည်။
Jan 15,2021
စစ်ကိုင်းတိုင်း​ဒေသကြီး၊ အရာတော်မြို့နယ် အုပ်ရှင်းကြီးနည်းပညာပြန့်ပွားရေးစင်တာမှ တာ၀န် ကျ ၀န်ထမ်းများသည် ယမန်​နေ့က ကောင်းသစ်ကျေးရွာ၊ ဟင်္သာကျေးရွာရှိ ဆောင်းသီးနှံ (ကုလားပဲ၊ ငရုတ်၊ ဖူးစားပြောင်း) စိုက်ခင်းများတွင် ပိုးမွှားကျ​ရောက်မှု ရှိ/မရှိ ကွင်းဆင်းစစ်​ဆေးခဲ့​ကြောင်း သိရသည်။
Jan 15,2021
တရုတ်နိုင်ငံမှ ပြန်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင် မြို့နယ်၊ ချင်းရွှေဟော်မြို့ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဂိတ်ပေါက်မှ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ယမန်နေ့၊ ညနေ(၆)နာရီ အချိန်က နေရပ်ပြန်ပြည်သူ(၂၇)ဉီး ဆက်လက်ဝင်ရောက်လာခဲ့သည်။
Jan 15,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီး ဌာန ရုံးအဆောက်အဦ ဆောက်လုပ်နေမှုအား ခရိုင်ဦးစီးမှုး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဆန်းဌေးနှင့် တာဝန်ရှိသူတို့က ယမန်နေ့ နံနက် ၁၀ နာရီက ကွင်းဆင်းစစ် ဆေးခဲ့ကြသည်။
Jan 15,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေး၊ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး လုပ်ငန်းများကို မြို့မဈေးရှေ့တွင် နေ့စဉ် နံနက် ၈ နာရီခွဲမှ ၁၀ နာရီအထိ ဆောင်ရွက်လျက်ရှိသည်။
Jan 15,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် ရပ်ကွက်(သို့)ကျေးရွာအုပ်စုများအတွက် အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေများနှင့်ပတ်သက်၍ အလုပ်ရုံ ဆွေးနွေးခြင်းကို ဇနါနဝါရီလ ၁၄ ရက်နေ့ မွန်းလွဲ (၂)နာရီက ရွှေဘိုမြို့နယ်စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
Jan 15,2021
ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်၌ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေး ပင်စင်ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနတွင် တာဝန်ရှိသူများက ပေးအပ်ရာ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် စာရေး များက ဘိုးဘွားများကိုယ်စား လက်ခံရယူခဲ့သည်။
Jan 15,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်-ရွာသစ်မြို့၌ စိုက်ပျိုးထားသော ဆောင်းနေကြာစေ့ထုတ် စံကွက်များ ရိတ်သိမ်းခြင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါ စိုက်ခင်း၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။