အမြို့မြို့အနယ်နယ်သတင်းများ

Dec 27,2021
တနင်္သာရီတိုင်းဒေသကြီး ၊ ကော့သောင်းခရိုင် ၊ ပြည်ကြီးမဏ္ဍိုင်မြို့ အလယ်တန်းကျောင်းတွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ကျောင်းတွင်းအားကစားပြိုင်ပွဲကို ယနေ့ နံနက် (၁၀)နာရီက စတင်၍ အ.လ.က ကျောင်းဝင်းအတွင်း ကျောင်းကော်မတီက ကျင်းပပြုလုပ်သည်။
Dec 27,2021
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယမန်နေ့ မွန်းလွဲ ၁ နာရီခန့်က သက်တော်(၉၃)နှစ်၊ သိက္ခာတော်(၇၃)ဝါရှိ ဘားအံမြို့ အမှတ်(၆) ရပ်ကွက်၊ ဇမ္ဗူမြိုင်ကျောင်းတိုက် ဦးစီးပဓာနနာယက  နိုင်ငံတော်ဩဝါဒါစရိယဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တနန္ဒိယမဟာထေရ်မြတ်ကြီး၏ အန္တိမအဂ္ဂိဈာပန သာဓုကီဋ္ဌနပူဇာသဘင် ရေစက်ချအခမ်းအနားကို တက်ရောက်ခဲ့ကြသည်။
Dec 27,2021
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဒီပဲယင်းမြို့တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ မှ ကြီးမှူးကျင်းပပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  ဒီပဲယင်းမြို့ ပညာရေးဌာနနှင့်ပူးပေါင်းပြီး (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အကြို စာစီစာကုံး ပြိုင်ပွဲကို ယနေ့နံနက် ၁၀နာရီအချိန်က အ-ထ-က ရွှေဝါမြေခန်းမတွင် ကျင်းပခဲ့ပါသည်။
Dec 27,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့ ကျောင်းတွင်းရပ်ကွက်တွင် အုပ်ချုပ်ရေးမှူးရုံးသစ် အဆောက်အဦရာနှုန်းပြည့်တည်ဆောက်ပြီးစီးပြီဖြစ်၍ အုပ်ချုပ်ရေးမှူးရုံးသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အဆိုပါရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ် ရေးမှူးဦးအောင်သိန်းလှိုင် နှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိန်သောင်း နှင့် ဌာနဆိုင်ရာများ၊ကျောင်းတွင်းရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်ရပ်မိရပ်ဖများ တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးခဲ့သည်။
Dec 27,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် တောင်ဇင်းတိုက်နယ်အတွင်းရှိ အောက် ယာတဲတိုက် သို့ ရန်ကုန်မြို့ ဝေမျှခြင်း ပရဟိတမိသားစုမှ ရေဂါလံ ၁၆၀၀ ကို ယနေ့ နံနက် ၁၀နာရီ အချိန်က သွားရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။
Dec 27,2021
ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် သူနာပြုသင်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် တတိယနှစ်သူနာပြု ဒီပလိုမာ သင်တန်းသား/သူများသည် ကျောင်းကျန်းမာရေး စစ်ဆေးခြင်းနှင့် ကျန်းမာရေးအသိပညာပေး ဆောင်ရွက်ခြင်းကို ယနေ့နံနက် (၉)နာရီက (၃)မိုင်၊ ရွှေပြည်သာရပ်ကွက်ရှိ ချမ်းမြေ့မဉ္ဇရီသီလရှင်သင်ပညာရေးကျောင်း၌ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။