ရွာသစ် ဇန်နဝါရီ ၁၅
ကယားပြည်နယ်၊ ဘောလခဲခရိုင်-ရွာသစ်မြို့၌ စိုက်ပျိုးထားသော ဆောင်းနေကြာစေ့ထုတ် စံကွက်များ ရိတ်သိမ်းခြင်းကို ယနေ့ နံနက်ပိုင်းက အဆိုပါ စိုက်ခင်း၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ရိတ်သိမ်းဆောင်ရွက်ရာတွင် တောင်ပိုင်းရပ်ကွက် တောင်သူ ဦးစံငြိမ်း၏ နေကြာပင်စိုက်ခင်း စံကွက်တွင် လက်ဖြင့် နေကြာပင်များအား ရိတ်သိမ်းပြီး နေကြာစေ့များကို စက်ဖြင့် ခြွေလေ့ဆောင်ရွက်ခဲ့ရာ တစ်ဧကလျှင် ပျမ်းမျှအထွက်နှုန်း(၁၆)တင်းခန့် ထွက်ရှိကြောင်း၊ နေကြာစေ့ အထွက်နှုန်း နည်းကြောင်း၊ အကျိုးအမြတ်တော့ ရရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဦးဦးရယ်၏ ပြောကြားချက်အရ သိရသည်။
နန်းဆွေဆွေအေး (ပြန်/ဆက်)