ချင်းရွှေဟော်နယ်စပ်ဂိတ်မှ နေရပ်ပြန်ပြည်သူများ ဆက်လက်ဝင်ရောက်

ချင်းရွှေဟော်   ဇန်နဝါရီ   ၁၅

တရုတ်နိုင်ငံမှ ပြန်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင် မြို့နယ်၊ ချင်းရွှေဟော်မြို့  မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဂိတ်ပေါက်မှ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ယမန်နေ့၊ ညနေ(၆)နာရီ အချိန်က နေရပ်ပြန်ပြည်သူ(၂၇)ဉီး ဆက်လက်ဝင်ရောက်လာခဲ့သည်။

အဆိုပါ ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူ(၂၇)ဉီးတို့မှာ အမျိုးသား (၁၃)ဉီး၊ အမျိုးသမီး (၁၄)ဉီးတို့ဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှ(၁)ဉီး၊ ဒေါပုံမြို့နယ်မှ(၂)ဉီး၊ မြောက်ဒဂုံမြို့နယ်မှ(၂)ဉီး၊ မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာ စံမြို့နယ်မှ(၁)ဉီး၊ ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်မှ(၂)ဉီး၊ မင်းလှမြို့နယ်မှ (၆)ဉီး၊ လက်ပံတန်း မြို့နယ်မှ(၁)ဉီး၊ စစ်ကိုင်း တိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်မှ(၂)ဉီး၊ မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်မှ(၂)ဉီး၊ ရှမ်းပြည်နယ်၊ ကျိုင်းတုံ မြို့နယ်မှ(၁)ဉီး၊ ဆီဆိုင်မြို့နယ် မှ(၁)ဉီး၊ သီပေါမြို့နယ်မှ(၁)ဉီး၊ ကျောက်မဲမြို့နယ်မှ(၁)ဉီး၊ နမ္မတူမြို့နယ်မှ(၂)ဉီးနှင့် မိုင်းငေါ့ မြို့နယ်မှ(၂)ဉီးတို့ ဖြစ်သည်။

ထိုသို့ဝင်ရောက်လာသည့် နေရပ်ပြန်ပြည်သူများကို ချင်းရွှေဟော်နယ်စပ်ဂိတ်တွင် ကိုယ်ပူချိန်တိုင်းတာခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခဲ့ပြီး ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီက ချင်းရွှေဟော်မြို့၊ အမှတ်(၂) ရပ်ကွက်၊ မြို့တော်ခန်းမ၊ အသွားအလာ ကန့်သတ်စောင့်ကြည့််ရေးစခန်းတွင် ထားရှိကာ   ချင်းရွှေဟော်မြို့၊ ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဉီးစီးဌာနမှ ၎င်းတို့အား  ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Rapid Test Kit ဖြင့်စစ်ဆေးခြင်း နှင့်  ဓါတ်ခွဲနမူနာ Swab များရယူပြီး စစ်ဆေးနိုင်ရန်  မန္တလေးမြို့၊ ပြည်သူ့ကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာနသို့ ဆက်လက်ပို့ဆောင် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇင်ဇင်(ပြန်/ဆက်)