ကံမမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ရုံးအဆောက်အဦ ဆောက်လုပ်နေမှု အား ကွင်းဆင်းစစ်ဆေး

ကံမ ဇန်နဝါရီ ၁၅

မကွေးတိုင်းဒေသကြီး၊    သရက်ခရိုင်၊     ကံမမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီး ဌာန ရုံးအဆောက်အဦ ဆောက်လုပ်နေမှုအား ခရိုင်ဦးစီးမှုး ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဆန်းဌေးနှင့် တာဝန်ရှိသူတို့က ယမန်နေ့ နံနက် ၁၀ နာရီက ကွင်းဆင်းစစ် ဆေးခဲ့ကြသည်။

ထိုသို့စစ်ဆေးရာတွင်  မြို့နယ်ဦးစီးမှူးဦးသူရရှိန်နှင့် လင်းသန့်အားမာန်ကုမ္ပဏီမှ တာဝန် ရှိသူ တို့က   ရုံးဆောက်လုပ်နေသည့်အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြရာ ခရိုင်ဦးစီးမှုးက ရုံး ဆောက်လုပ်ရာ၌ အရည်အသွေးပြည့်မှီရေးနှင့် အချိန်နှင့်တစ်ပြေးညီ ပြီးစီးရေး ဆွေးနွေးမှာ ကြား ခဲ့ကြောင်း သိရသည်။ 

အဆိုပါဆောက်လုပ်မည့်ကံမမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးအဆောက်အဦးမှာ အလျား ၆၆ ပေ၊ အနံ ၄၅ ပေနှင့် အမြင့် ၁၂ ပေ(၂၂၅၀ ကုဗပေ)ဖြင့် RC တစ်ထပ်အား တင်ဒါအောင်မြင်ခဲ့သည့်     လင်းသန့် အားမာန်ကုမ္ပဏီမှ ခွင့်ပြုရန်ပုံငွေကျပ် (၇၂၁)သိန်းဖြင့် တာဝန် ယူ ဆောက်လုပ်လျက်ရှိကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

ကျော်ဇေယျဝင်း(ကံမ)