အရာတော် ဇန်နဝါရီ ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ် အုပ်ရှင်းကြီးနည်းပညာပြန့်ပွားရေးစင်တာမှ တာ၀န် ကျ ၀န်ထမ်းများသည် ယမန်နေ့က ကောင်းသစ်ကျေးရွာ၊ ဟင်္သာကျေးရွာရှိ ဆောင်းသီးနှံ (ကုလားပဲ၊ ငရုတ်၊ ဖူးစားပြောင်း) စိုက်ခင်းများတွင် ပိုးမွှားကျရောက်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ယင်းသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကုလားပဲစိုက်ခင်းများအတွင်း အပွင့်ကြွေမှုနည်းပါးစေပြီး အစေ့အဆံ ပြည့်တင်းစေရန် ယူရီးယား+လက်ချား အားဆေးကို ပန်းစပွင့်ချိန်၊ ပန်းဖြိုင်ဖြိုင် ပွင့်ချိန်နှင့် သီးခင်း၀င်ချိန်တွင် ဖျန်းပေးရန်နှင့်ငရုတ်စိုက်ခင်းများတွင် ဓါတုပိုးသတ်ဆေး သုံးစွဲမှု လျော့နည်းစေရန် သဘာ၀ပိုးနှင်ဆေးကိုသာ အသုံးပြုရန်၊ဖူးစားပြောင်းခင်းတွင် ကျရောက် တတ်သည့် ငမြောင်တောင်ဖျက်ပိုးအန္တရာယ် ကျရောက်မှု မရှိ စေရေးနှင့် စိုက်ခင်းများအား အမြဲမပြတ်စောင့်ကြည့်ပေးရန် သဘာ၀ပိုးနှင်ဆေးကို အသုံးပြုပြီး ကြို တင် ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရေး ကွင်းဆင်းဆွေးနွေးခဲ့ကြကြောင်း သိရ သည်။
နွယ်နီမြင့်(မြို့နယ် ပြန်/ဆက်)