အမြို့မြို့အနယ်နယ်သတင်းများ

Dec 28,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် စည်ပင်သာယာရေး ဦးစီးဌာနမှ  ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ်အတွင်း ဆောင်ရွက်ရန် လျာထား သည့် မြို့ပေါ်ရပ်ကွက်များရှိ လမ်းများအားကတ္တရာ ထပ်ပိုးလွှာခင်းခြင်းနှင့် လမ်းချဲ့ထွင်ခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု ရာနှုန်းပြည့်နီးပါး ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
Dec 28,2021
စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ကျေးရွာသစ်စီမံကိန်းအရ ပျော်ဘွယ်မြို့နယ်၊ မယ်ဇလီအိုင့်ကျေးရွာတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာဘက်စုံသုံးခန်းမ တည်ဆောက်လျက်ရှိရာ ယနေ့ အချိန်တွင် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
Dec 28,2021
၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲအား ယနေ့နံနက် ၁၀ နာရီက ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ လူထုအခြေပြုဗဟိုဌာန (Community Center) ၌ ကျင်းပခဲ့သည်။
Dec 28,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးကွဲဗီဇပြောင်းရောဂါ ပိုးအိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ နံနက်ပိုင်းတွင် ရပ်ကွက်/ကျေးရွာများသို့ သုံးဘီး မော်တော်ယာဉ်ဖြင့် လိုက်လံအသိပေး နှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Dec 28,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင် ဂွမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေး အတွက် အသက်(၁၈)နှစ် နှင့်အထက် ပြည်သူများနှင့် ဦးစားပေး အုပ်စုအလိုက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး Third Phase နှင့် Four Phase (ဒုတိယအကြိမ်) အဖြစ် ဂွမြို့ စုရပ်ဖြစ်သည့် သာသနာ့ဗိမ္မာန်၊ ပိန္နဲကုန်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းနှင့် ကျိန္တလီထွေ/အုပ်ခန်းမ စသည့်စုရပ်များအလိုက် သတ်မှတ် နေရာများတွင် ယမန်နေ့ နံနက်ပိုင်းမှစ၍ ကာကွယ်ဆေးများ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်
Dec 28,2021
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ် ဦးစီးမှူး ဦးထွန်းဝင်းနိုင်ဦးဆောင်၍ မီးသတ် တပ်ဖွဲ့ဝင်များသည် ယမန်နေ့ နံနက် ၉ နာရီ အချိန်က ဘူးသီးတောင်မြို့နယ် ရွာမကျေးရွာ၌ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေး လက်တွေ့သရုပ်ပြ အခမ်းအနား ပြုလုပ်ခဲ့ကြောင်း သိရသည်။
Dec 28,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန် အတွက် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း Online မှတစ်ဆင့် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
Dec 28,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Center)တွင် ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင်ကျရောက်မည့် (၇၄)နှစ် မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (Talk Show) ကျင်းပ ပြုလုပ်ခဲ့သည်။