ပေါက်ခေါင်း ဇန်နဝါရီ ၁၅
ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်၌ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေး ပင်စင်ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနတွင် တာဝန်ရှိသူများက ပေးအပ်ရာ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် စာရေး များက ဘိုးဘွားများကိုယ်စား လက်ခံရယူခဲ့သည်။
အဆိုပါထောက်ပံ့ငွေများကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ)လများအတွက် ပေါက်ခေါင်းမြို့နယ်အတွင်းရှိ (၈၅)နှစ်အထက် သက်ကြီးဘိုးဘွား(၇၇၉)ဦးအား တစ်ဦးလျှင် လူမှုရေးပင်စင်ထောက်ပံ့ငွေ ကျပ်(၃၀၀၀၀)နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေကျပ် (၂၃၃၇၀၀၀၀)ကို သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ထံသို့ ထပ်ဆင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)