ပင်လောင်း ဇန်နဝါရီ ၁၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရေး၊ ကြိုတင်ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး လုပ်ငန်းများကို မြို့မဈေးရှေ့တွင် နေ့စဉ် နံနက် ၈ နာရီခွဲမှ ၁၀ နာရီအထိ ဆောင်ရွက်လျက်ရှိသည်။
အဆိုပါ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိပြီး နှာခေါင်း စည်း တပ်ဆင်ခြင်းမရှိသည့် လမ်းသွားလမ်းလာ ပြည်သူများအား နှာခေါင်းစည်းတပ်ဆင်စေခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခွန်အာကာစိုး (ပင်လောင်း)