Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မြေပုံမြို့၌ ဌာနဆိုင်ရာရုံးများသို့ နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်
Jan 07,2022
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ အများပြည်သူ စာအုပ်စာစောင်များ အလွယ်တကူ ဖတ်ရှုနိုင်ရန် ပြည်သူစာကြည့်တိုက် ထားရှိပေးသော်လည်း အလုပ်မအား၍ စာကြည့်တိုက်သို့ စာအုပ်များလာရောက် ငှားရမ်းနိုင်ခြင်း မရှိသည့် ဌာနဆိုင်ရာ ဝန်ထမ်းများအား ယနေ့ မွန်းလွဲ ၁ နာရီက မြေပုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက သုတ၊ ရသ စာအုပ်များ နယ်လှည့်စာကြည့် ကွင်းဆင်း ဆောင်ရွက်ပေး ကြသည်။
အပြည့်အစုံ ဖတ်ရန်
သဲကုန်းမြို့နယ်ရှိ ဌာနဆိုင်ရာများတွင် မီးဘေးကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားမှုရှိ/မရှိ လိုက်လံစစ်ဆေး
Jan 07,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ်၊ မီးသတ်ဦးစီးဌာနမှ ယနေ့ နံနက်ပိုင်းက သဲကုန်းမြို့ပေါ်ရှိ ဌာနဆိုင်ရာများတွင် မီးဘေးကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားမှုရှိ/မရှိ လိုက်လံစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှမြို့၌ကိုဗစ်-၁၉မျိုးကွဲသစ် အိုမီခရွန်ကြိုတင်ကာကွယ်ရေးအသိပညာပေးနှိုးဆော်ဆောင်ရွက်
Jan 07,2022
မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊ မင်းလှမြို့နယ်တွင်ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ်အိုမီခရွန် ကြိုတင် ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ထိုးနှံရေးအသိပညာပေး နှိုးဆော်ဆောင်ရွက်ခြင်းကို ယမန်နေ့ ညနေ ၃ နာရီက အမှတ်(၄)ရပ်ကွက်နှင့်၊ အမှတ်(၁၀) ရပ်ကွက်တို့တွင် မြို့နယ်ကိုဗစ်- ၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ် ဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက အသိပေးနှိုးဆော်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကျေးရွာနေပြည်သူများအား ကျေးရွာများအရောက် နေ့စဉ်ကွင်းဆင်း ပြုလုပ်ဆောင်ရွက်ပေး
Jan 07,2022
ရန်ကုန် တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်အတွင်းရပ်ကွက်၊ ကျေးရွာနေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခြင်းကို လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ရန်ကုန် တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ရပ်ကွက်၊ ကျေးရွာများအရောက် နေ့စဉ် ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးလျက်ရှိပြီး ယမန်နေ့နံနက်( ၉ )နာရီက ကွမ်းမိုးဒိန်း ရပ်ကွက် အတွင်းရှိ ရပ်ကွက်နေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးအတွက်လည်း ကျေးရွာ / ရပ်ကွက်များ အရောက် ကွင်းဆင်းပြုလုပ်ဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
တံတားမြို့တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်
Jan 07,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့ အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ် တားဆီးရေးဆိုင်ရာ အချက်များကို ယနေ့ နံနက်(၈)နာရီ အချိန်က ရပ်ကွက်များ အတွင်း သွားရောက်၍ (Hand Speaker) ဖြင့် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
အပြည့်အစုံ ဖတ်ရန်
အောင်လံမြို့နယ်၌ ကိုဗစ်-၁၉ မျိုးကွဲသစ် “အိုမီခရွန်” ကြိုတင်ကာကွယ်ရေးနှင့် ကာကွယ်ဆေး ထိုးနှံနိုင်ရေး အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်
Jan 07,2022
မကွေးတိုင်းဒေသကြီး သရက်ခရိုင်၊ အောင်လံမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ် “အိုမီခရွန်” ကြိုတင်ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရေး အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက် ၈ နာရီက မြို့ပေါ်ရပ်ကွက်များတွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်မီးသတ် ဦးစီးဌာနတို့ ပူးပေါင်း၍ ဆောင်ရွက် ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဖြတ်၌အိုမီခရွန်အပါအဝင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုးများကို သတိပြု ကာကွယ်ရေး အသိပေးနှိုးဆော်
Jan 07,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် အိုမီခရွန်(Omicron) အပါ အဝင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုးများကို သတိပြုကာကွယ်ရေး အသိပေးနှိုးဆော်ခြင်း ကို ယနေ့ နံနက်ပိုင်းက ယန်းခမ်းကျေးရွာနှင့် ဝမ်လုံးကျေးရွာတို့၌ ရှမ်းဘာသာဖြင့် အသိပေးနှိုးဆော်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဆင်ပေါင်ဝဲမြို့နယ်၌ မီးဘေးသင့် အိမ်ထောင်စုအား မကွေးတိုင်းကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ ဦးစီးမှူး (ဒုတိယတန်း) ဒေါ်ခိုင်ခိုင်လှနှင့် အဖွဲ့သွားရောက်ထောက်ပံ့
Jan 07,2022
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ ကျောက်ချက်ကျေးရွာ၌ မီးဘေးသင့် အိမ်ထောင်စုအတွက် ယနေ့နံနက် ၁၀ နာရီအချိန်က မကွေးတိုင်းကြက်ခြေနီ သူနာပြု တပ်ဖွဲ့မှ ဦးစီးမှူး(ဒုတိယတန်း) ဒေါ်ခိုင်ခိုင်လှ၊ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များမှ ကျောက်ချက်ကျေးရွာ ဆရာတော်ဘုရားထံသို့ ထောက်ပံ့ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23141
Page
23142
Page
23143
Page
23144
Current page
23145
Page
23146
Page
23147
Page
23148
Page
23149
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department