အမြို့မြို့အနယ်နယ်သတင်းများ

Jan 07,2022
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မွန်ပြည်နယ် အသေးစားစက်မှု၊ လက်မှု လုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ အမျိုးသမီးများအတွက် လူမှုစီးပွား ဘဝ အထောက်အကူပြု သင်တန်းဖြစ်သည့် အခြေခံစက်ချုပ်နည်းပညာသင်တန်း အခမဲ့ဖွင့်လှစ်သင်ကြားပေးခြင်းကို ယနေ့နံနက်၉ နာရီခွဲက မော်လမြိုင်မြို့၊ ကြာအင်းကျေးရွာ၊ အဆိုပါဌာနရှိ Incubation Center တွင်ကျင်းပကြောင်း သိရသည်။
Jan 07,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇယတ ထိန်းသိမ်းရေး ပညာပေးဆွေးနွေးဟောပြောပွဲကို ဒီဇင်ဘာလ နောက်ဆုံးပတ်က မကျေးငူကျေးရွာရှိ ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 07,2022
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ တောင်ကုတ်တက္ကသိုလ် ၂၀၂၁-၂၀၂၂ (ပထမနှစ်ဝက်) နေ့သင်တန်း ဂုဏ်ထူးတန်း တတိယနှစ်သင်တန်း၊ မဟာအရည်အချင်းစစ် သင်တန်းနှင့် ပထမနှစ် မဟာဘွဲ့ သင်တန်းများကို ဇန်နဝါရီ(၆)ရက်နေ့က ဖွင့်လှစ်ခဲ့ပြီး ယနေ့ ဒုတိယနေ့အဖြစ် တက်ရောက် လျက်ရှိကြောင်း သိရသည်။
Jan 07,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ၂၀၂၁-၂၀၂၂    ပညာသင်နှစ် အခြေခံပညာကျောင်းများရှိ ကျောင်းသား/ကျောင်းသူများအား ပထမအကြိမ် အရည်အချင်းစစ် စာမေးပွဲများ ဖြေဆိုခြင်းကို ဇန်နဝါရီလ ၅ ရက်နေ့နံနက် ၉ နာရီမှ စတင်ဖြေဆိုခဲ့ကြောင်းသိရသည်။
Jan 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမတွင် မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာများ အသိပညာပေးနံရံကပ် စာစောင်ပြသခြင်းနှင့် စာအုပ်ပြပွဲကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 07,2022
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် တပ်တွင်း မူကြိုကျောင်းများကို ပြန်လည်ဖွင့်လှစ် သင်ကြား နေပြီဖြစ်၍ ယမန်နေ့ မွန်းလွဲပိုင်းက အမှတ်(၄)တပ်မတော် တန်းမြှင့် လေ့ကျင့်ရေးကျောင်း၊ တပ်တွင်း မူကြိုကျောင်းတွင် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်ထားရှိမှု အခြေအနေကို မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာန တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးကြောင်း သိရသည်။
Jan 07,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့အဝင် နတ်စင်အနီးစီးဆင်းနေသော(နမ့်လင်းချောင်း)အား မူလချောင်းရေစီးလမ်းကြောင်းမှ ရေပြန်လည်စီးဆင်းနိုင်ရေးအတွက် ချောင်းအတွင်း သဲနှုန်းများတူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Jan 07,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများအနေဖြင့် ယူရီးယားဓါတ် မြေဩဇာများကို ဈေးနှုန်းချိုသာစွာဖြင့် အလွယ်တကူဝယ်ယူ အသုံးပြု နိုင်ရေးအတွက် ပထမအကြိမ်အဖြစ် ခွဲဝေပေးသည့် ယူရီးယားဓါတ်မြေဩဇာအိတ်(၂၀၀)အား တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ကြီးကြပ် လမ်းညွှန်မှုဖြင့် စိုက်ပျိုးရေး ဦးစီးဌာနမှ သယ်ယူ ပို့ဆောင်ပေးခဲ့ရာ ယမန်နေ့ကခန္တီးမြို့သို့ရောက်ရှိခဲ့ပြီး သက်ဆိုင်ရာ ခရိုင်/မြို့နယ် ဓါတ်မြေဩဇာ သယ်ယူဖြန့်ဖြူးရောင်းချရေး ကော်မတီများမှ သွားရောက် စစ်ဆေး လက်ခံခဲ့ကြောင်း သိရသည်။