အမြို့မြို့အနယ်နယ်သတင်းများ

Jan 07,2022
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ဘိုးဘွားရိပ်သာတည်ထောင်ခြင်း လေးနှစ်ပြည့်ဆွမ်းကျွေး အလှူနှင့် နှစ်ပတ်လည်နေ့အခမ်းအနားပြုလုပ်ခြင်းကို တောင်ရင်းရပ်ကွက်ရှိ ကျောက်ဖြူ ဘိုးဘွားရိပ် သာတွင် ယနေ့ နံနက် ၉ နာရီက ပြုလုပ်ကြောင်း သိရသည်။
Jan 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၌ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် စက်သုံးဆီအရောင်းဆိုင်များသို့ လှည့်လည်ကွင်းဆင်းစစ်ဆေးခြင်းကို ဇန်နဝါရီလ ၇ ရက်နေ့နံ နက်ပိုင်းက မြို့အုပ်ချုပ်ရေးမှူးဦးရဲထက်အောင်၊ မြို့စည်ပင်သာယာရေးအဖွဲ့ အမှု‌ဆောင်အရာ ရှိဦးခင်ညွန့်၊ နယ်မြေမီးသတ်စခန်းတာဝန်ခံ ဦးဝင်းနိုင်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သောပူးပေါင်းအဖွဲ့မှ လိုက်လံကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 07,2022
ရခိုင်ပြည်နယ် မြေပုံမြို့၌ မြို့ပေါ်ရပ်ကွက်များရှိ စက်သုံးဆီအရောင်းဆိုင်များအားပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်တား ဆီးနိုင်ရေးအတွက် အကြံပြု ကွင်းဆင်း စစ်ဆေးခြင်းများကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခိုင်လင်းနိုင် ကြီးကြပ်လမ်းညွှန်မှူးဖြင့် မြို့နယ် မီးသတ် ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်ပြီး တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများကွင်းဆင်း စစ်ဆေးကြသည်။
Jan 07,2022
ဧရာဝတီတိုင်းဒေသကြီး  ပုသိမ်ခရိုင်  ငပုတောမြို့နယ်  ဟင်းအိုးချောင်းကျေးရွာအုပ်စု  ရေငံ သရက် ကုန်း ကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း( ခွဲ) အစည်းအဝေးခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်း က ရှေးဦးသူနာပြုစုခြင်း ( အခြေခံအဆင့်) ကြက်ခြေနီသင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ် ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jan 07,2022
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန်ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်မှုများ ကိုဆောင်ရွက် လျက်ရှိရာ ယမန် နေ့ညနေပိုင်းက မြို့ပေါ်ရပ်ကွက်အတွင်းရှိ လမ်းဆုံလမ်းခွနေရာများ၌ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက လိုက်လံ နှိုးဆော်ခြင်းများဆောင်ရွက်ခဲ့သည်။
Jan 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါနှင့် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန် (Omicron) ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ယနေ့နံနက် ၈ နာရီအချိန်က ထိရောက်စွာ ကာကွယ်တားဆီးထိန်းချုပ်နိုင်ရန်နှင့် ကြိုတင် ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ မြို့ပေါ်ရပ်ကွက်အတွင်း လှည့်လည်နှိုးဆော်ခဲ့ ကြသည်။
Jan 07,2022
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် မီးလောင်မှု၊ မီးလန့်မှုများနှင့် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက မြို့ပေါ် ရပ်ကွက်များသို့ လှည့်လည်၍ ယနေ့နံနက် ၉ နာရီအချိန်က အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့ရှိ အခြေခံပညာ ကျောင်းများတွင် ဇန်နဝါရီ ၅ ရက် နံနက်ပိုင်းကစတင်ပြီး စစ်ဆေးခဲ့ရာ ယနေ့တွင်  ပထမနှစ်ဝက် စာမေးပွဲ အေးချမ်းစွာ ဖြေဆိုပြီးစီးကြောင်း သိရသည်။