Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း လယ်ယာသုံးစက်ကရိယာ ထွန်ယက်သရုပ်ပြပွဲအား ကြည့်ရှုအားပေး
Jan 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာအုပ်စု၌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ Daedong လယ်ယာသုံးစက် ကရိယာမောင်းနှင်ထွန်ယက် သရုပ်ပြပွဲကို ယမန်နေ့ ညနေ ၃နာရီ ၃၀ မိနစ် အချိန်က တောင်သူ ဦးနေစိုး၏ လယ်ယာမြေ အတွင်း၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးပြီး ဒေသခံတောင်သူ များနှင့်ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းရှူးမြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်း Omicron (အိုမီ ခရွန်) ရောဂါအသိပညာပေး နှိုးဆော်ခြင်းဆောင်ရွက်
Jan 07,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့၌ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်)ရောဂါကူးစက် ပြန့်ပွားမှုကို ထိရောက်စွာကာကွယ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသောကာကွယ်ရေး လမ်းညွှန်ချက်များအား အသိပေး နှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက် အတွင်း Hand Speaker ဖြင့် လှည့်လည်နှိုးဆော်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပန်းတောင်းမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးရန်ကျန်ရှိသူများနှင့် ၁၈ နှစ်အထက် ပထမအကြိမ် ထိုးရန်ကျန်သူများအား ဆက်လက်ထိုးနှံ
Jan 07,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသူများနှင့် ၁၈ နှစ် အထက် ပထမအကြိမ်ထိုးရန် ကျန်သူများအား ဆက်လက်ထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက ဆေးထိုးစုရပ်(၆)နေရာတွင် ဆက်လက်ထိုးနှံပေးခဲ့ရာ ဒေသခံပြည်သူများ ကာကွယ်ဆေး လာရောက်ထိုးနှံခဲ့ကြောင်း ပန်းတောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
တပ်ကုန်းမြို့၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းအကြောင်းသိကောင်းစရာ(Talk Show) ဆောင် ရွက်
Jan 07,2022
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း အကြောင်းသိကောင်းစရာများ (Talk Show) အစီအစဉ်ဆွေးနွေးခြင်းကို ဇန်နဝါရီ ၇ ရက်နံနက် ၉နာရီခွဲက ကျန်းမာရေး ညွှန်ကြားချက်များနှင့်အညီ အဆိုပါဦးစီးဌာနရှိ(Community Centre) ခန်းမတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်
Jan 07,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါပိုး ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များ အတွင်းလှည့်လည်၍ Hand Speaker ဖြင့် နှိုးဆော်ခြင်းဆောင် ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ညောင်လေးပင်မြို့နယ် အခြေခံပညာကျောင်းများ၌ ပထမနှစ်ဝက်စာမေးပွဲ နောက်ဆုံးနေ့အဖြစ် အေးချမ်းစွာဖြေဆို
Jan 07,2022
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ အခြေခံပညာ အဆင့်လိုက် တတ်မြောက်မှုများအား မူလတန်းအောက်အဆင့် Grade-1 (သင်ရိုးသစ်)မှ Grade-11 (သင်ရိုးဟောင်း) အထိ (ပထမ)နှစ်ဝက်ကို ဇန်နဝါရီလ (၅ ရက်မှ ၇ ရက်) နေ့အထိ တစ်နေ့လျှင် (၂) ဘာသာနှုန်းဖြင့် စာသင်ချိန်တစ်ချိန် (၄၅)မိနစ်စီဖြင့် သက်ဆိုင်ရာကျောင်းများ အလိုက် ဖြေဆိုစစ်ဆေးလျက်ရှိရာ ယနေ့ (နောက်ဆုံးနေ့)တွင် အေးချမ်းစွာ ဆက်လက်ဖြေဆို လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေတောင် မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန် (Omicron) ကြိုတင် ကာကွယ်နိုင်ရေး အသိပညာပေး နှိုးဆော်
Jan 07,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့တွင် ပြည်သူများ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကူးစက်ပြန့်ပွားမှုမရှိစေရေး အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက်ပိုင်းက သရက်တောရပ်ကွက် နှင့်စံပြရပ်ကွက်တို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဦးစီးမှူးနှင့် ဝန်ထမ်းများက လက်ကိုင်အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းလှမြို့နယ်တွင် ကြံအထူးအထွက်တိုး စံပြကွက်စိုက်ပျိုး
Jan 07,2022
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာအုပ်စု၊ ကြာတကန်ကျေးရွာ ကွင်းအမှတ် ၄၉၀ ၊ တောင်သူဦးမောင်ငြိမ်း၏ ယာမြေ ၅ ဧကတွင် ယနေ့ နံနက် ၈ နာရီက (နဝဒေး-၄)မျိုး ကြံအထူးအထွက်တိုး စံပြကွက်စိုက်ပျိုးကြောင်း သိရသည်
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23142
Page
23143
Page
23144
Page
23145
Current page
23146
Page
23147
Page
23148
Page
23149
Page
23150
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department