တံတားမြို့တွင် ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်

တံတား ဇန်နဝါရီ ၇

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့ အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ် တားဆီးရေးဆိုင်ရာ အချက်များကို ယနေ့ နံနက်(၈)နာရီ အချိန်က ရပ်ကွက်များ အတွင်း သွားရောက်၍ (Hand Speaker) ဖြင့် အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

အဆိုပါ  အသိပေးနှိုးဆော်ရာတွင်  ကိုဗစ်-၁၉  ရောဂါ နှင့်စပ်လျဉ်း၍  ဗီဇပြောင်းမျိုးကွဲဖြစ်သည့် အိုမီခရွန်ကူးစက်ပျံ့နှံ့မှုသည် နိုင်ငံအရေအတွက် အများအပြားသို့ ရောက်ရှိလာပြီ ဖြစ်ရာ မိမိတို့နိုင်ငံ၊ မိမိတို့မြို့အတွင်း ကူးစက်ပျံ့နှံ့မှုကို ဆက်လက်ကာကွယ် တားဆီးနိုင်ရေးအတွက် ပြည်သူများ  အနေဖြင့်လူစုလူဝေးပြုလုပ်ခြင်းနှင့် သွားလာခြင်းမှ ရှောင်ကြဉ်ရန်၊ ပြင်ပထွက်ခွာပါက နှာခေါင်းစည်း (Mask)ကို စနစ်တကျတပ်ရန်၊ လက်ကို မကြာခဏ ဆပ်ပြာနှင့်ဆေးကြောရန်၊ တစ်ဦးနှင့်တစ်ဦး ‌ခြောက်ပေအကွာ နေထိုင် ရန်စသော စည်းမျဉ်းစည်းကမ်းများကို  ဆက်လက်လိုက်နာကျင့်သုံးသွားကြရန်နှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မဖြစ်မနေ ထိုးနှံကြပါရန် တံတားမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ရပ်ကွက်နေ ပြည်သူများအား တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။

မိုးဖြူလွင်(ပြန်/ဆက်)