မိုင်းဖြတ် ဇန်နဝါရီ ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် အိုမီခရွန်(Omicron) အပါ အဝင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း ရောဂါပိုးများကို သတိပြုကာကွယ်ရေး အသိပေးနှိုးဆော်ခြင်း ကို ယနေ့ နံနက်ပိုင်းက ယန်းခမ်းကျေးရွာနှင့် ဝမ်လုံးကျေးရွာတို့၌ ရှမ်းဘာသာဖြင့် အသိပေးနှိုးဆော်ခဲ့သည်။
ထိုသို့ အသိပေးနှိုးဆော်ရာတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးရှောလမွန်နှင့် ဝန်ထမ်းများ၊ ဝမ်လုံးအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုင်းဆေထတို့နှင့် အတူ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် (Omicron) ရောဂါ ကူးစက်မှုသည် ရက်ပိုင်းအတွင်း နိုင်ငံအရေအတွက် များပြားလာခြင်း၊ အိုမီခရွန်မျိုးကွဲသစ်သည် မူလ ကိုဗစ်-၁၉ ရောဂါနှင့် လုံးဝမတူတော့ခြင်း၊ ယခင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူများ ပြန်လည်ကူးစက်နိုင်ခြင်း၊ ရောဂါကူးစက်မှုမြန်ဆန်ခြင်းတို့ကို ရှမ်းဘာသာဖြင့် အသိပေးနိုးဆော်ခဲ့သည်။
ထို့နောက် ရောဂါကြိုတင်ကာကွယ် တားဆီးနိုင်ရေးအတွက် လူစုလူဝေးရှောင်ရှားခြင်း၊ နေအိမ် အပြင်သို့ ထွက်ပါက နှာခေါင်းစည်း (Mask) စနစ်တကျ တပ်ဆင်ခြင်း၊ လက်ကို မကြာခဏ ဆေးကြောခြင်း၊ တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာမှ နေထိုင်စကားပြောခြင်း စသည့် နည်းလမ်းများကို အသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။
သန်းထွန်းအေး