မင်းလှမြို့၌ကိုဗစ်-၁၉မျိုးကွဲသစ် အိုမီခရွန်ကြိုတင်ကာကွယ်ရေးအသိပညာပေးနှိုးဆော်ဆောင်ရွက်

အထက်မင်းလှ   ဇန်နဝါရီ ၇

မကွေးတိုင်းဒေသကြီး၊သရက်ခရိုင်၊ မင်းလှမြို့နယ်တွင်ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ်အိုမီခရွန် ကြိုတင် ကာကွယ်ရေးနှင့် ကိုဗစ်-၁၉‌ရောဂါကာကွယ်‌ဆေး ထိုးနှံ‌ရေးအသိပညာပေး နှိုးဆော်ဆောင်ရွက်ခြင်းကို     ယမန်နေ့ ညနေ ၃ နာရီက အမှတ်(၄)ရပ်ကွက်နှင့်၊ အမှတ်(၁၀) ရပ်ကွက်တို့တွင် မြို့နယ်ကိုဗစ်- ၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်မီးသတ် ဦးစီးဌာန၊ ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌‌ရေးဦးစီးဌာနမှဝန်ထမ်းများက အသိပေးနှိုးဆော်ခဲ့သည်။

ထိုသို့အသိပညာပေး‌နှိုးဆော်ရာတွင် ကိုဗစ်-၁၉ရောဂါသည်ယခုအချိန်တွင် ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန်သည်    နိုင်ငံအများအပြားတွင် ကူးစက်ပျံ့နှံ့မှု ပိုမိုများပြားနေပြီဖြစ်သည့်အတွက်  ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ်အိုမီခရွန် ကို ဆက်လက်ကာကွယ်တားဆီးနိုင်ရေးအတွက် မိဘပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ မလိုအပ်ဘဲ ထွက်ခွာသွားခြင်းမပြုရန်၊ မဖြစ်မနေထွက်ခွါသွား လာရပါက နှာခေါင်းစည်း Mask ကိုစနစ်တကျ တပ်ဆင်သွားလာကြရန်၊ လက်ကိုစနစ်တကျမကြာခဏဆေးကြောရန်၊ လူစုလူဝေးရှောင်ကြဉ်ရန်တစ်ဦးနှင့် တစ်ဦး(၆) ပေအကွာ ခပ်ခွာခွာနေထိုင်ကြရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးလမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ကြပါရန် တိုက်တွန်း နှိုးဆော်ခဲ့သည်။

ထို့အပြင်မင်းလှမြို့နယ်အတွင်းရှိ ပြည်သူများအား  မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ-ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို သက်ဆိုင်ရာရပ်ကွက်/ကျေးရွာများရှိ သတ်မှတ်ဆေးထိုး စုရပ်များ၌ ထိုးနှံ‌ပေးလျက်ရှိရာ   ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိနေသည့် အသက်၁၈နှစ်အထက်ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ကိုသတ်မှတ်‌ဆေးထိုးစုရပ်များတွင် သွားရောက် ထိုးနှံကြရန်နှင့် ကာကွယ်‌ဆေးကို   အကြိမ်‌ရေပြည့်ထိုးနှံကြပါရန်အသိပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။

ဇာဇာ(အထက်မင်းလှ)