ဆင်ပေါင်ဝဲမြို့နယ်၌ မီးဘေးသင့် အိမ်ထောင်စုအား မကွေးတိုင်းကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ ဦးစီးမှူး (ဒုတိယတန်း) ဒေါ်ခိုင်ခိုင်လှနှင့် အဖွဲ့သွားရောက်ထောက်ပံ့

ဆင်ပေါင်ဝဲ  ဇန်နဝါရီ    ၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ ကျောက်ချက်ကျေးရွာ၌ မီးဘေးသင့် အိမ်ထောင်စုအတွက် ယနေ့နံနက် ၁၀ နာရီအချိန်က မကွေးတိုင်းကြက်ခြေနီ သူနာပြု တပ်ဖွဲ့မှ ဦးစီးမှူး(ဒုတိယတန်း) ဒေါ်ခိုင်ခိုင်လှ၊ မြို့နယ်ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှူးနှင့် တပ်ဖွဲ့ဝင်များမှ ကျောက်ချက်ကျေးရွာ ဆရာတော်ဘုရားထံသို့ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထိုသို့ ထောက်ပံံ့ပေးအပ်ရာတွင် Family Kid၊ Hygiene Kid၊ Community Tool Kid ရေပုံးတစ်ပုံးစီပါရှိပြီး ဆရာတော်ဘုရားကိုလည်း Mask(၁၀)ဗူး၊ Hand Gel(၅)ဗူး၊ လက်ဆေး ဆပ်ပြာရည်(၅)ဗူး၊ ကြွေဂျီးချွတ်ဆေးရည်(၅)ဗူး လှူဒါန်းခဲ့ပြီး အသိပညာပေး ဗွီနိုင်းကပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)