Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
လယ်ဝေးမြို့နယ်တွင် ကိုဗစ်-၁၉မျိုးကွဲသစ် အိုမီခရွန်(Omicron) ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများဆောင်ရွက်
Jan 07,2022
ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်တားဆီးရေးဆိုင်ရာအချက်များကို ယနေ့နံနက်ပိုင်းက ရပ်ကွက်နှင့်ကျေးရွာများသို့ သွားရောက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာနမှ ဝန်ထမ်းများက အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းဖြတ်၌ အ.ထ.က(မိုင်းဖြတ်)ဝန်ထမ်းအိမ်ယာ ဆောက်လုပ်နေမှုအား ကွင်းဆင်းစစ်ဆေး
Jan 07,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်တည်ဆောက်ရေး လုပ်ငန်းစိစစ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည့် အထက(မိုင်းဖြတ်)၊ ဝန်ထမ်းအိမ်ယာ ဆောက်လုပ်နေမှုအခြေ အနေများကို ယနေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လယ်ဝေးမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး
Jan 07,2022
ပြည်ထောင်စုနယ်မြေ၊ ဒက္ခိဏခရိုင်၊ လယ်ဝေးမြို့နယ်အတွင်းရှိ ပြည်သူများအား လယ်ဝေးမြို့ သီရိမင်္ဂလာခန်းမတွင် ယနေ့နံနက်(၉)နာရီက ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံ ပေးလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မြိတ်မြို့ ပြည်သူလူထုများစုပေါင်းပြီး လူနာတင်ယာဉ်တစ်စီး မြိတ်ခရိုင်မီးသတ်ဦးစီးဌာနသို့ လှူဒါန်း
Jan 07,2022
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် လူမှုကယ်ဆယ်ရေးလုပ်ငန်းများကို မြိတ်ခရိုင်မီးသတ်ဦးစီးဌာနမှ ပိုမိုအဆင်ပြေစွာ ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် ပရဟိတအသင်းအဖွဲ့များ၊ ပြည်သူလူထုများနှင့် စေတနာရှင် အလှူရှင်များ စုပေါင်း ပြီး ဝယ်ယူထားရှိသည့် လူနာတင်ယာဉ်တစ်စီးကို ယနေ့နံနက်ပိုင်းက မီးသတ်ဦးစီးဌာနသို့ လှူဒါန်းခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မကွေးမြို့၌ ကိုဗစ်-၁၉ ဗီဇမျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ အချိန်မီလာရောက်ထိုးနှံကြရန် အသိပညာပေးနှိုးဆော်
Jan 07,2022
မကွေးတိုင်းဒေသကြီး၊ မင်းကွေးခရိုင်၊ မကွေးမြို့နယ်အတွင်း အသက်၁၈နှစ် အထက် ပြည်သူများ ကာကွယ်ဆေးထိုးနှံမှု ကျန်ရှိမှုမရှိစေရေးနှင့် ကိုဗစ်-၁၉ရောဂါ ဗီဇမျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ ည ၈ နာရီ အချိန်က ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန် ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်လူမူဝန်ထမ်းဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာန တို့ ပူးပေါင်းအဖွဲ့က မကွေးမြို့ပေါ် ရပ်ကွက်များသို့ သွားရောက်ပြီး အသံချဲ့စက်ယာဉ်ဖြင့် အသိပညာပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
တာချီလိတ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်း အိုမီခရွန်ကာကွယ်ရန် အသိပညာပေးနှိုးဆော်
Jan 07,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၌ ကိုဗစ်-၁၉ရောဂါ ဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်နိုင်ရေး အတွက် ယနေ့နံနက် ၁၀ နာရီခွဲက မြို့ပေါ်ရပ်ကွက်အတွင်း လှည့်လည်အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း လယ်ယာသုံးစက်ကရိယာ ထွန်ယက်သရုပ်ပြပွဲအား ကြည့်ရှုအားပေး
Jan 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာအုပ်စု၌ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ Daedong လယ်ယာသုံးစက် ကရိယာမောင်းနှင်ထွန်ယက် သရုပ်ပြပွဲကို ယမန်နေ့ ညနေ ၃နာရီ ၃၀ မိနစ် အချိန်က တောင်သူ ဦးနေစိုး၏ လယ်ယာမြေ အတွင်း၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေးပြီး ဒေသခံတောင်သူ များနှင့်ရင်းရင်းနှီးနှီး တွေ့ဆုံခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းရှူးမြို့၌ ကိုဗစ်-၁၉ ဗီဇပြောင်း Omicron (အိုမီ ခရွန်) ရောဂါအသိပညာပေး နှိုးဆော်ခြင်းဆောင်ရွက်
Jan 07,2022
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ မိုင်းရှူးမြို့၌ ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ Omicron (အိုမီခရွန်)ရောဂါကူးစက် ပြန့်ပွားမှုကို ထိရောက်စွာကာကွယ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပြည်သူလူထု ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသောကာကွယ်ရေး လမ်းညွှန်ချက်များအား အသိပေး နှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက် အတွင်း Hand Speaker ဖြင့် လှည့်လည်နှိုးဆော်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
23145
Page
23146
Page
23147
Page
23148
Current page
23149
Page
23150
Page
23151
Page
23152
Page
23153
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department