အမြို့မြို့အနယ်နယ်သတင်းများ

Jan 07,2022
ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ကျောက်တံခါးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးအနေဖြင့် ယ‌နေ့နံနက်ပိုင်းက ခင်ကြီးကျေးရွာအုပ်စု အတွင်းရှိ လမ်းဆုံလမ်းခွနေရာများ၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်း များက အသိပညာပေးနှိုးဆော်ခဲ့ကြသည်။
Jan 07,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ တုံတာမြို့တွင် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူ များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinovac) ကို ယနေ့မွန်းလွဲ ၃ နာရီအချိန်က တုံတာမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Jan 07,2022
ရခိုင်ပြည်နယ် ဂွမြို့နယ်၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် တားဆီးနိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်များရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းနှင့် မီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြဆောင်ရွက်ခြင်းများကို ယနေ့ နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးမင်းထွန်း ဦးဆောင်သည့် တပ်ဖွဲ့ဝင်များက Denko စက်သုံးဆီအရောင်းဆိုင်နှင့် ကျော်စံ စက်သုံးဆီအရောင်းဆိုင်တို့အား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Jan 07,2022
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၌ အကြိမ် (၃၀)မြောက် အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲနှင့် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့ မွန်းလွဲ ၁နာရီအချိန်က ကော့ကရိတ်မြို့၊ အမှတ် (၆)ရပ်ကွက် ဇိနသုခလောကသရဖူစေတီတော်မြတ် သဟပုကာရီ သာသနာ့ဗိမာန်တော်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
Jan 07,2022
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ပြန်ကြရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) နှင့် (Women Club) တို့ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက် များနှင့်အညီ ယမန်နေ့နေ့လယ်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jan 07,2022
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ဇန်နဝါရီ (၅)ရက်နေ့မှ စတင်၍ ပထမနှစ်ဝက် စာမေးပွဲများ စတင်ဖြေဆိုခဲ့ရာ ယနေ့တွင် တတိယနေ့ ဆက်လက်ဖြေဆိုလျက်ရှိသည်။
Jan 07,2022
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မက်မန်းခရိုင်၊ မန်ကန်မြို့၌ အသက် (၁၈)နှစ်နှင့်အထက် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ် ထိုးနှံရန်ကျန်ရှိနေသေးသော ဒေသခံ ပြည်သူများအား ပန်ဖိန်းကျေးရွာအုပ်စုနှင့် ငှက်ကာကျေးရွာအုပ်စုတို့တွင် ယနေ့မွန်းလွဲပိုင်းက ကွင်းဆင်း ထိုးနှံ‌ပေးခဲ့ကြောင်း သိရသည်။
Jan 07,2022
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စဉ့်ကိုင်မြို့နယ်ရုံး ပြည်သူ့ စာကြည့်တိုက်တွင် Online ဝန်ဆောင် မှုစနစ်ဖြင့်စာအုပ်မိတ်ဆက်ခြင်း အစီအစဉ်ကို  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။