စဉ့်ကိုင် ဇန်နဝါရီ ၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အခြေခံပညာကျောင်းများရှိ ကျောင်းသား/ကျောင်းသူများအား ပထမအကြိမ် အရည်အချင်းစစ် စာမေးပွဲများ ဖြေဆိုခြင်းကို ဇန်နဝါရီလ ၅ ရက်နေ့နံနက် ၉ နာရီမှ စတင်ဖြေဆိုခဲ့ကြောင်းသိရသည်။
အဆိုပါ စာမေးပွဲများဖြေဆိုရာ၌ စဉ့်ကိုင်မြို့နယ်အတွင်းရှိ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းပေါင်း (၁၁၃)ကျောင်းရှိပြီး အထကစဉ့်ကိုင်ကျောင်းမှ မူလတန်းအဆင့် ကျောင်းသား/ ကျောင်းသူ ဦးရေ(၇၇)ဦး၊ အလယ်တန်းအဆင့် ကျောင်းသား/သူဦးရေ (၇၀၅)ဦး၊ အထက်တန်း အဆင့် ကျောင်းသား/သူ ဦးရေ( ၄၅၂)ဦး စုစုပေါင်း (၁၂၃၄)ဦး ဖြေဆိုခဲ့ရာ ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းဆီနှင့် ဆရာ/ဆရာများက အဆင်ပြေချော့မွေ့စွာ ဖြေဆိုနိုင်ရေးကြီးကြပ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
ညိုညိုဝင်း